၂၀၂၃ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲကျင်းပရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေး ကျင်းပ

မန္တလေး မေ ၃၀

၂၀၂၃ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် (အမျိူသား) ဘောလုံးပြိုင်ပွဲကျင်းပရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉:၃၀)နာရီတွင် မန္တလေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်မင်းက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်ပြီး အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အသက်(၁၈)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ ကျင်းပခြင်းနှင့်ပတ်သက်၍ စီစဉ်ထားရှိများအားရှင်းလင်းဆွေးနွေးပြီး အားကစားနှင့်ကာယပညာဦးစီးဌာန ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်က အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် တက်ရောက်လာသည့်ဆပ်မကော်မတီအသီးသီးက ပေါင်းစပ်လုပ်ကိုင်မည့် လုပ်ငန်းအစီအစဉ်များကိုဆွေးနွေးခဲ့ကြပြီး လူမှုရေးရာဝန်ကြီးက နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်