ပခုက္ကူခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဝန်ထမ်းသား၊ သမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဝန်ထမ်းသား၊ သမီးများအား ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲကို မေလ ၃၀ ရက် နံနက်၈နာရီခွဲအချိန်က အဆိုပါဦးစီးဌာနရုံး၊ မြဧရာ(၁)ခန်းမ၌ ကျင်းပသည်။

ငပုတောမြို့နယ် အခြေခံပညာကျောင်းများတွင် ကျောင်းသား/သူများကို ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးနေမှုအား တာဝန်ရှိသူများ ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌  ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ KG  မှ Grade-12 ကျောင်းသား/သူများကို ငပုတောမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်း အသီးသီး၌ မိဘအုပ်ထိန်းသူများက ကျောင်းသား/သူများအား ကျောင်းအပ်နှံရေး သီတင်းပတ် ပထမရက်မှစတင်ကာ လာရောက်အပ်နှံလျက်ရှိကြရာ ယမန်နေ့ နံနက်ပိုင်းတွင် ငပုတောမြို့နယ် မြို့မစခန်းမှူး ဦးတင်မောင်၊ မြို့နယ်မီးသတ်ဦးစီးမှူးဦးမင်းအောင်နှင့် တာဝန်ရှိသူများက  ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကြသည်။

သာပေါင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာ‌ပေါင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်ကို ယနေ့ မေလ ၂၉ ရက်‌နေ့ နံနက် ၈ နာရီအချိန်က ကွမ်းခြံကုန်းကျေးရွာ၍ ကျင်းပခဲ့သည်။

ကရသူရိမြို့၌ ယိုးဒယားဒူးရင်းသီး အထွက်ကောင်း၍ ခြံပိုင်ရှင်များဝင်ငွေကောင်း

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့ရှိ ဒူးရင်းခြံပိုင်ရှင်များသည် ယခုနှစ်တွင် အသီးထွက်အားကောင်းသည့်အပြင် ဈေးကောင်းလည်းရရှိနေ သဖြင့် ခြံပိုင်ရှင်များ ဝင်ငွေကောင်းနေကြောင်းသိရသည်။

ကျွန်းလှမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ ဆက်လက်ကျောင်းအပ်လက်ခံ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၃-၂၀‌၂၄ ပညာသင်နှစ်၊ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအား ဆက်လက် ကျောင်းအပ်လက်ခံ‌ပေးလျက်ရှိကြောင်း သိရသည်။

ဂန့်ဂေါမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ပြုလုပ်

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အ.ထ.က(ဂန့်ဂေါ) ပုံညာခန်းမ၌ ပြုလုပ်ခဲ့သည်။

မက်မန်းမြို့နယ်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ၊ ပြည်ထောင်စု/ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းစီမံကိန်းများ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဇေယျာသီရိမြို့နယ်၌ စားသုံးသူကာကွယ်ပေးရေးဥပဒေများနှင့် လုပ်ငန်းရှင်များလိုက်နာရမည့် အချက်များအား အသိပညာပေးဟောပြောပွဲ ကျင်းပ

နေပြည်တော်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူကာကွယ်ပေးရေးဥပဒေများနှင့် ‌လုပ်ငန်းရှင်များ လိုက်နာရမည့် အချက်များအား ပြည်သူများသိရှိစေရန် ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့မွန်းလွဲပိုင်းက ဟောပြောခဲ့သည်။

ကျောက်မဲမြို့နယ်၌ ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊‌ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ ပတ္တမြားခန်းမ၌ ကျင်းပခဲ့သည်။

ပေါက်ခေါင်းမြို့နယ်၌ မိုးမြေပဲစိုက်ပျိုးရန်အတွက် လယ်ယာမြေထွန်ယက်ပြုပြင်ခြင်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံမိုးမြေပဲစိုက်ပျိုးရန်အတွက် လယ်ယာမြေထွန်ယက်ပြုပြင်ခြင်းများကို ကြိုတင်ဆောင်ရွက်လျက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
Subscribe to