ကျိုင်းတုံမြို့၌ နွေရာသီမှာရင်ဆိုင်ရမည့် ကျန်းမာရေးပြဿနာများအကြောင်း သိကောင်းစရာများ Talk Show ပြုလုပ်

ကျိုင်းတုံ မေ ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ နွေရာသီမှာရင်ဆိုင်ရမည့် ကျန်းမာရေးပြဿနာများအကြောင်း သိကောင်းစရာ Talk Show ကို ယနေ့နံနက် ၁၀ နာရီက  ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြုလုပ်သည်။

Talk Show ဆွေးနွေးရာတွင် ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက နွေရာသီမှာဖြစ်နိုင်တဲ့ ရောဂါများအကြောင်းနှင့် ကြိုတင်ကာကွယ်လိုက်နာဆောင်ရွက်သင့်သည့်အချက်များ၊ နွေရာသီမှာ လုံခြုံစိတ်ချရတဲ့ အစားအစာများရရှိရေးနှင့် ဟင်းသီးဟင်းရွက်နှင့် သစ်သီးများသန့်ရှင်းလတ်ဆတ်ဖို့ လိုအပ်ကြောင်း၊  အပူကြောင့် ရေဓာတ်ဆုံးရှုံးမှုမရှိစေရေး လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ နွေရာသီမှာ အပူချိန်ပြင်းထန်ခြင်း၊ ရေရှားပါးခြင်းတို့မှကာကွယ်နိုင်ရေး စသည့် နွေရာသီမှာရင်ဆိုင်ရမည့် ကျန်းမာရေးပြဿနာများအကြောင်းကို အသိပညာပေးဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ Talk Show ပွဲ အစီအစဉ် အပြည့်အစုံကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် We Love Kyaing Tong Facebook Page တွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)