ပဲခူး မေ ၃၀
၂၀၂၃ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်(အမျိုးသား/အမျိုးသမီး) တင်းနစ်ပြိုင်ပွဲတွင် အမျိုးသားတံခွန်စိုက်ဆု၊ အမျိုးသမီးတံခွန်စိုက်ဆု၊ စုပေါင်းတံခွန်စိုက်ဆု ဆွတ်ခူးရရှိခဲ့သည့် ပဲခူးတိုင်းဒေသကြီးဂုဏ်ဆောင် အမျိုးသား/အမျိုးသမီး တင်းနစ်အသင်း အားကစားသမားများအား ယမန်နေ့နေ့လယ်ပိုင်းက ရွှေမော်ဓောဘုရားလမ်း၊ ဟင်္သာတင်းနစ်ကွင်းရှေ့တွင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် အစိုးရအဖွဲ့တာဝန်ရှိသူများမှ လှိုက်လှဲစွာ ကြိုဆိုဂုဏ်ပြု ခဲ့ကြောင်း သိရသည်။
၂၀၂၃ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား၊ အမျိုးသမီးတင်းနစ်ပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု တင်းနစ်အားကစားအသင်းမှ ရွှေတံဆိပ်(၂)ခု၊ ငွေတံဆိပ် (၁)ခုဖြင့် အမျိုးသမီး တံခွန်စိုက်ဆု၊ ရွှေတံဆိပ်(၃)ခု၊ ငွေတံဆိပ်(၁)ခုဖြင့် အမျိုးသားတံခွန်စိုက်ဆုနှင့် ရွှေတံဆိပ်(၅)ခု၊ ငွေတံဆိပ်(၂)ခုဖြင့် စုပေါင်းတံခွန်စိုက်ဆုအား ဆွတ်ခူးရရှိခဲ့ပြီး ပဲခူးမြို့သို့ ပြန်လည်ရောက်ရှိလာရာ လမ်းတစ်လျှောက်နှင့် ရွှေမော်ဓောဘုရားလမ်း ဟင်္သာတင်းနစ်ကွင်းရှေ့တွင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သောင်းထိုက်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ အားကစားသမားများ၏ မိဘဆွေမျိုးများ၊ ကျောင်းသား/သူ များမှ အောင်သပြေပန်းများ၊ ဂုဏ်ပြုပန်းကုံးများဖြင့်လည်းကောင်း ပျော်ရွှင်စွာ ဂုဏ်ပြုကြိုဆိုခဲ့ကြောင်း သိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)