ကြို့ပင်ကောက် မေ ၃၀
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို မေလ ၃၀ ရက်နေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(ပန်းတင်) မင်းခေါင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် အ.ထ.က(ပန်းတင်)မှကျောင်းသား/ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် အခမ်းအနားကိုသီဆိုဖွင့်လှစ်ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းဌေးက နိုင်ငံတော်အစိုးရသည် ကျောင်းအပ်နှံ ရေးရက်သတ္တပတ်သတ်မှတ်၍ ကျောင်းအပ်နှံခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း ကျောင်းနေရွယ် ကလေးအားလုံး ကျောင်းတက်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားပြီးဒုတိယမြို့နယ်ပညာရေးမှူး ဦးဇော်က ပြောင်းလဲခဲ့သောပညာရေးစနစ်သစ်၏ သင်ကြားမှု သင်ယူမှု လုပ်ငန်းများအား အသေးစိတ် ရှင်းလင်းပြောကြား၍ နိုင်ငံတော်မှ အခြေခံပညာ ကျောင်းသား ကျောင်းသူများအား အခမဲ့ ထောက်ပံ့ပေးအပ်သော ဗလာစာအုပ်၊ ကျောင်းသုံးပုံနှိပ်စာအုပ်၊ ခဲတံ၊ ဘောပင်နှင့် ကျောင်းဝတ်စုံများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်တာဝန်ရှိသူများက ပေးအပ်ရာ သက်ဆိုင်ရာ ကျောင်းအုပ်ဆရာကြီး ဆရာမကြီးများက လက်ခံရယူခဲ့ကြသည်။
ကြို့ပင်ကောက်မြို့တွင် အခြေခံပညာကျောင်းပေါင်း(၁၇၁)ကျောင်း ကိုယ်ပိုင်ကျာင်း ၃ ကျောင်း ဘုန်းတာ်ကြီးသင်ပညာရေးကျောင်း ၁ ကျောင်းတို့တွင် ခန့်မှန်းလျာထား(၁၆၁၁၈) ဦးတွင် ယနေ့အထိ ကျောင်းသား/ ကျောင်းသူ (၁၃၆၄၁)ဦး ၈၄ ဒသမ ၆၃ ရာခိုင်နှုန်း အပ်နှံခဲ့ပြီး မေလ ၃၁ ရက်နေ့ထိ ကျောင်းအပ်လက်ခံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇေယျာထွန်း(ပြန်/ ဆက်)