တာလေမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်း ဆောင်ရွက်

တာလေ မေ ၃၀

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့မှ စတင်ကာ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်တော့မည်ဖြစ်သည့်အတွက် ကျောင်းသား၊ ကျောင်းသူများ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အဘိတ်ဆေးခတ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ခေတ္တမြို့အုပ်ချုပ်ရေးမှူး ဉီးအောင်ပြည့်ဖြိုး ဉီးဆောင်သော ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ရေးအတွက် မိုးရာသီကာလတွင် အဖြစ်များသော ခြင်ကိုက်ခံရခြင်းမှတဆင့်ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျောင်းပတ်ဝန်းကျင်တွင် ခြင်များမခိုအောင်းနိုင်စေရန် မိုးရေတင်ကျန်နိုင်သော တာယာစုတ်၊ ရေအိုး၊ ရေခွက်၊ ရေတိုင်ကီ၊ ဘုရားပန်းအိုးနှင့် သောက်သုံးရေကန်များကို ဖုံး၊ သွန်၊ လဲ၊ စစ်ဆောင်ရွက်ကာ အဘိတ်ဆေးခတ်ခြင်း၊ ဆေးထည့်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)