တောင်ငူခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပွဲတက်လက်ကိုင်ပိုက်ဆံအိတ်ပြုလုပ်နည်း သင်တန်း ဖွင့်လှစ်

တောင်ငူ  မေ ၃၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အိမ်တွင်းမှုသက်မွေးပညာသင်တန်းကျောင်းတို့ပူးပေါင်း၍ ယနေ့နံနက် (၉:၃၀)နာရီအချိန်က ပွဲတက်လက်ကိုင်ပိုက်ဆံအိတ်ပြုလုပ်နည်း သင်တန်းကို လူထုအခြေပြုဗဟိုဌာန (Communuty Centre)ခန်းမ၌ ဖွင့်လှစ်သင်ကြားခဲ့သည်။

ရှေးဦးစွာ တောင်ငူခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးက အဖွင့်အမှာစကားပြောကြားပြီး တောင်ငူခရိုင်အိမ်တွင်းမှုသက်မွေး ပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဌေးဌေးမြင့်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားကာ သင်တန်းအားဖွင့်လှစ်ခဲ့သည်။

အဆိုပါသင်တန်းတွင် အိမ်တွင်းမှုသက်မွေးပညာသင်တန်းကျောင်းမှ နည်းပြ ဒေါ်မျိုးသီတာစိုးက ပွဲတက်လက်ကိုင်ပိုက်ဆံအိတ်ပြုလုပ်နည်းကို မေ ၃၀ ရက်နေ့  နံနက် (၉:၃၀)နာရီအချိန်မှ ညနေ (၄:၀၀)နာရီအချိန်ထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းသူ (၂၀)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ ဆက်)