ကျောက်တံခါးမြို့နယ်တွင် လေဘေးသင့်အိမ်ထောင်စုဝင်များထံ ထောက်ပံ့ငွေနှင့်ထောက်ပံ့ပစ္စည်းများပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်အတွင်း မေ(၁၆)ရက်နှင့် (၂၆)ရက်တို့တွင်  သံပုရာခုန်ကျေးရွာအုပ်စု၊ ရေအေးကျေးရွာနှင့် ဇလုပ်ကြီးကျေးရွာတို့မှ  လေဘေးသင့်အိမ်ထောင်စုဝင်များအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို ယမန်နေ့ညနေ (၃)နာရီအချိန်က မြို့နယ်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနတွင် ပြုလုပ်သည်။

နတ်တလင်းမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီက သာဇီရပ်ကွက်၊ ရန်ကုန်-ပြည်ကားလမ်းဘေးရှိ အ.ထ.က(နတ်တလင်း)ကျောင်း မနောဟဒယခန်းမ၌ ကျင်းပ ပြုလုပ်သည်။

ဒက္ခိဏသီရိမြို့နယ် ရွှေမြိုင်ပရိယတ္တိစာသင်တိုက်ရှိ ဆရာတော်၊ သံဃာတော်(၅၀)ပါးအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ထပ်ဆောင်း ထိုးနှံပေး

ပြည်ထောင်စုနယ်၊ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ ရွှေမြိုင်ပရိယတ္တိစာသင်တိုက်မှ ဆရာတော်၊ သံဃာတော်များအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ထပ်ဆောင်းထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီမှစတင်၍ အဆိုပါကျောင်းတိုက်ရှိ  ဓမ္မာရုံ၌ ထိုးနှံပေးခဲ့သည်။

သဲကုန်းမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် "ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့῍ ဆောင်ပုဒ်နှင့်အညီ "၂၀၂၃-၂၀၂၄  ပညာသင်နှစ်  ကျောင်းနေအရွယ် ကလေးအားလုံးကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ပိုင်းက အ.ထ.က သဲကုန်း သာဓုခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။

ပေါက်ခေါင်းမြို့နယ်တွင် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၈ နာရီက အထက (ပေါက်ခေါင်း) ရွှေရတုခန်းမ၌ ကျင်းပခဲ့သည်။

နောင်ချိုမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းသား၊ ကျောင်းသူ (၁၇၉၈၈)ဦး ကျောင်းအပ်နှံပြီးဖြစ်

၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းနေအရွယ် ကလေးများအားလုံး ပညာရေးမဝေးစေဖို့ ကျောင်းအမြန်အပ်နှံစို့ ဆောင်ပုဒ်နှင့်အညီ နိုင်ငံတစ်ဝန်းရှိ အခြေခံပညာအားလုံးတွင် မေလ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ် အဖြစ်သတ်မှတ်ထားပြီး ဇွန်လ ၁ ရက်နေ့မှ စတင်ကာ စာသင်ကျောင်းများအား ဖွင့်လှစ်သင်ကြားမည်ဖြစ်ရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် မေလ ၂၃ ရက်နေ့မှ ၂၉ ရက်နေ့ နံနက်ပိုင်းအထိ ကျောင်းအပ်နှံပြီးသည့် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၁၇၉၈၈ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

မိတ္ထီလာမြို့၌ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ ၂ဝ၂၃ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ  အခမ်းအနားကို ယနေ့ နံနက်  ၈ နာရီ ၃ဝ မိနစ်အချိန်က  မိတ္ထီလာ-မလှိုင်ကားလမ်းအနီး လိန်တော ကြိုးပြင်ကာကွယ်တောတွင် ကျင်းပခဲ့ကြောင်းသိရသည်။

ဆေးလိပ်ငွေ့ကင်းစင် ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသတစ်ခွင် စိုက်ထူထားသည့် ဆိုင်းဘုတ်များနှင့် ဆေးလိပ်သောက်ခွင့်ရှိသော နေရာ၊ သောက်ခွင့် မပြုသော နေရာများအား ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ ဆေးလိပ်ငွေ့ကင်းစင် ပုဂံရှေးဟောင်း ယဉ်ကျေးမှု ဒေသတစ်ခွင် စိုက်ထူထားသည့် ဆိုင်းဘုတ်များနှင့်ဆေးလိပ် သောက်ခွင့် ရှိသောနေရာ၊ သောက်ခွင့်မပြုသော နေရာများအား ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက် ၈ နာရီအချိန်က ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

တံတားဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၏ သားသမီးများအား ပညာသင်ထောက်ပံ့ငွေများ၊ ကျောင်းဝတ်စုံများ၊ စာရေးကိရိယာများထောက်ပံ့

တံတားဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများ၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်သို့ တက်ရောက်ပညာသင်ကြားမည့် မိသားစုဝင် သားသမီးများအား ပညာသင်ထောက်ပံ့ငွေများနှင့် ကျောင်းဝတ်စုံများ၊ စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် (၉)နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌  ကျင်းပြုလုပ်သည်။

လားရှိုးမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပြည်နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပြည်နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက် (၉)နာရီအချိန်က လားရှိုးမြို့၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းရှိ ကမ္ဘောဇခန်းမတွင် ကျင်းပရာ ပြည်နယ်အစိုးရအုပ်ချုပ်ရေး အဖွဲ့ခွဲ (ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
Subscribe to