သဲကုန်းမြို့နယ်၌ မကူးစက်တတ်သောရောဂါများအား အပတ်စဉ်စစ်ဆေးကုသပေး
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ကျန်းမာရေးဌာနနှင့်ဌာနခွဲများ၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနတို့တွင် ကျန်းမာရေးဝန်ထမ်းများမှ မကူးစက်တတ်သောရောဂါများအား အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း အခမဲ့စစ်ဆေးကုသပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်မိခင်နှင့်ကျန်းမာရေးဌာနတွင် လူနာ(၃၀)ဦးအား ကုသပေးခဲ့ကြောင်းသိရသည်။