မြောင်းမြမြို့တွင် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ

မြောင်းမြ မေ ၃၀

မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ မြစိမ်းရောင်တောင်တော်၊ သီဟရာဇာကုန်း၌ ခရိုင်သစ်တောဦးစီးဌာနမှ စီစဉ်ဆောင်ရွက်မှုဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသရရှိရေးတို့ကို ရည်ရွယ်၍ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်(၈)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

 သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေး၊ ခရိုင်သစ်တော ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းဆွေ တို့ကပျိုးပင်များအား တက်ရောက်လာသူများထံ ပေးအပ် ခဲ့ကြသည်။

သစ်ပင်စိုက်ပျိုးပွဲတွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ပြည်သူများကပူးပေါင်းပါဝင် စိုက်ပျိုးခဲ့ကြသည်။

အဆိုပါ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်း (၁၀၀ ) ပင်၊ မဟော်ဂနီ (၃၀၀ ) ပင်၊ မန်ဂျန်းရှား( ၆၀၀) ပင် တို့အားစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ဝေဝေ (မြောင်းမြ)