တပ်ကုန်း မေ ၃၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ရဟန်း၊ သံဃာတော်များ နှင့်သီလရှင်များအား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး(Booster Dose)များ ထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက ဗိုလ်မင်းရောင်ရပ်ကွက်၊ ငွေတောင်တောရပရိယတ္တိစာသင်တိုက်ရှိ ဦးရှောင်ဟိုးဗိမာန်တော်ကြီးတွင် ထိုးနှံပေးလျက်ရှိသည်။
အဆိုပါကာကွယ်ဆေးများထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆေးထိုးအဖွဲ့နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်သာသနာရေးဦးစီးဌာနတို့က ကာကွယ်ဆေး မထိုးမီစာရင်းရေးသွင်းခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်းချိန်ပေးခြင်း၊ ဆေးထိုးပြီး နောက်ခေတ္တစောင့်ကြည့်ပြီးမှ ပြန်လည်ကြွချီတော်မူခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးခဲ့သည်။
တပ်ကုန်းမြို့နယ် ဘုန်းတော်ကြီးကျောင်းတိုက်၊ သီလရှင်ကျောင်းတိုက်များမှ ရဟန်း၊ သံဃာတော်များနှင့် သီလရှင်များအား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose)များ ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ရဟန်း၊ သံဃာတော်များနှင့် သီလရှင် ၂၀၀ ပါးအား ဒုတိယအကြိမ်၊ တတိယအကြိမ်၊ စတုတ္ထအကြိမ်နှင့် ပဉ္စမအကြိမ်မြောက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
တင်စိုးလွင်