ကန့်ဘလူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

ကန့်ဘလူ မေ ၃၁

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများအား အကြိမ်ပြည့်ထိုးနှံနိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ကျန်းမာရေးဦးစီးဌာန တို့မှ စီမံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံသူများအား ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးပြီး ထိုးနှံရမည့်သူများအား အကြိမ်အလိုက် စာရင်းမှတ် တမ်းရေးသွင်းကာ ကာကွယ်ဆေးများကို စနစ်တကျထိုးနှံပေးခဲ့သည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့် အဖွဲ့ဝင်များ၊ ခုတင် ၁၀၀ ဆေးရုံအုပ် ဒေါက်တာနေမိုးတို့က ကာကွယ်ဆေး လာရောက်ထိုးနှံကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို တနင်္လာနေ့မှ သောကြာနေ့အထိ နေ့စဥ် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ထိုးနှံပေးလျက်ရှိကြောင်း သိရ သည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)