ဆိပ်ဖြူ မေ ၃၁
ဆိပ်ဖြူမြို့နယ်အတွင်း ယမန်နေ့ ညနေ ၅ နာရီအချိန်ခန့်က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲကျခြင်း၊ လူနေအိမ်များ အမိုးလန်/ပြိုကျခြင်းများ ဖြစ်ပွားကြောင်း ကနဦးသတင်း သိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုအခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူနေမျိုးနှင့် အဖွဲ့ဝင်များမှ ကွင်းဆင်းစိစစ်ဆောင်ရွက်လျက်ရှိပြီး လဲကျသစ်ပင်များကို မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေး အဖွဲ့ဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုဇွဲ(အညာမြေ)