မြိုင် မေ ၃၁
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဝန်ထမ်းသား၊ သမီးများအား ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် စာရေးကိရိယာနှင့် ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က မြိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
အခမ်းအနားတွင် မြိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ထွေးချစ်က အဖွင့်အမှာစကားပြောကြားပြီး မြိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဗလာ စာအုပ်၊ ခဲတံ၊ ဘောပင်၊ ပေတံများ အပါအဝင် ၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ တက္ကသိုလ်အဆင့် ကျောင်းသား/သူတစ်ဦးလျှင် နှစ်သောင်းကျပ်၊ အထက်တန်းအဆင့် ကျောင်းသား/သူတစ်ဦးလျှင် တစ်သောင်းငါးထောင်ကျပ်၊ အလယ်တန်းအဆင့် ကျောင်းသား/သူတစ်ဦးလျှင် တစ်သောင်းနှစ်ထောင်ကျပ်နှင့် မူလတန်းအဆင့် ကျောင်းသား၊/သူတစ်ဦးလျှင် တစ်သောင်းကျပ်တို့ဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဝန်ထမ်းသားသမီး(၁၈)ဦးတို့ကို ပညာသင်စရိတ်ထောက်ပံ့ကြေးများ အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
မယ်ခွေ