မိုင်းလုံမြို့တွင် သဘာဝဘေးအန္တရာယ် အသိပညာပေး (Talk Show)ဆောင်ရွက်

မိုင်းလုံ မေ ၃၁

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် သဘာဝဘေးအန္တရာယ်အသိပညာပေး(Talk Show)အစီအစဉ်ကို  ယနေ့နံနက်(၉)နာရီအချိန်ခန့်က မိုင်းလုံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။ 

အဆိုပါ Talk Show အစီအစဉ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အကြီးတန်းစာရေး ဦးဌေးလင်းဇော်က  အသိပညာပေး Talk Show အစီအစဉ် ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အငယ်တန်းစာရေး နန်းကေသွယ်ဝင်းက သဘာဝဘေးအန္တရာယ်ဆိုသည်မှာ အချိန်အခါမရွေး ပေါ်ပေါက်လာတတ်သဖြင့် လူသားတို့အသိနှင့်သတိထားကာ စဉ်ဆက်မပြတ် စောင့်ကြည့်ရမည်သာဖြစ်သည်။ ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်းသည် ဟူသောစကားကဲ့သို့ပင် ကြိုတင်ကာကွယ်ထားမှသာ ပျက်စီးဆုံးရှုံးမှုသက်သာမည်ဖြစ်‌‌ကြောင်း၊ ယခုအခါ  မြန်မာနိုင်ငံတွင် မုတ်သုံဝင်ရောက်လာပြီဖြစ်သည့်အတွက် လေပြင်းတိုက်ခြင်း၊ မုန်တိုင်းတိုက်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းတို့မှ ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်နိုင်‌သောကြောင့် သဘာဝဘေးအန္တရာယ်ကို ကြိုတင်ပြင်ဆင်ကာကွယ်မှုဖြင့်   အနိုင်ယူရမည်ဖြစ်ရာ ကာကွယ်တားဆီးခြင်း၊ ကြိုတင်ပြင်ဆင်ခြင်း၊ ရှာဖွေကယ်ဆယ်ခြင်း၊ ပြန်လည်ထူထောင်ခြင်းနည်းလမ်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ဇော်ဇော်(ပြန်/ဆက်)