မြို့သစ် မေ ၃၁
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင်၂၀၂၃ ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို မေလ ၂၈ ရက်နံနက်ပိုင်းက တလုပ်ပင်ကျေးရွာအုပ်စု၊ ကံသာလေးကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းခွဲ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အမှတ်(၁၇)ကာကွယ်ရေးပစ္စည်းစက်ရုံမှ စက်ရုံမှူး ဗိုလ်မှူးကြီးသိန်းလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကျော်ဝင်းထက်နှင့် အဖွဲ့ဝင်များက မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့များထံ သစ်ပင်များစိုက်ပျိုးရန် ပျိုးပင်များပေးအပ်ခဲ့သည်။
ထို့နောက် မြို့သစ်မြို့နယ်အမှတ်(၁၇)ကာကွယ်ရေးပစ္စည်းစက်ရုံမှစက်ရုံမှူး ဗိုလ်မှူးကြီးသိန်းလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ ဒေသခံပြည်သူများက ယင်းမာပင်(၁၃၀)ပင်၊ စိန်ပန်းပင်(၇၀)ပင်၊ ဗန်ဒါပင် (၅၀)ပင်၊ ပိတောက်ပင်(၃၀)ပင်၊ သပြေဘူတ (၂၀)ပင် စုစုပေါင်းပျိုးပင် (၃၀၀)ပင်တို့အား စုပေါင်း၍ တစ်ပျော်တစ်ပါးစိုက်ပျိုးခဲ့ကြောင်း သိရသည်။
ဝင်းအိဇွန်(ပြန်/ဆက်)