ကျွန်းစုမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီ အချိန်က ကျွန်းစုမြို့၊ အခြေခံပညာအထက်တန်းကျောင်းရှိ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရေးအတွက် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် မိုးစပါးသီးနှံ ၆၉၆၄၅ ဧက လျာထား စိုက်ပျိုးသွားမည်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်းစားနပ်ရိက္ခာ ဖူလုံစေရေးအတွက် မဲဇလီရေလွှဲဆည်ရေဖြင့် တစ်မြို့နယ်လုံး မိုးစပါးသီးနှံဧက ၆၉၆၄၅ ဧက လျာထားစိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပုဏ္ဏားကျွန်းမြို့၌ မိုခါမုန်တိုင်းဒဏ်ခံရသည့် ဒေသခံပြည်သူများအား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့တွင် မိုခါမုန်တိုင်းဒဏ်ခံရသည့် ဒေသခံပြည်သူများအား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ပါရဂူ ဗိုလ်ကြီး ဝေတိုးသူ ဦးဆောင်သော ဆေးကုသရေးအဖွဲ့ လာရောက်၍ ယမန်နေ့နံနက်(၈)နာရီမှ (၁၂) နာရီအထိ၊ ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက် စာကြည့်တိုက် ဘက်စုံသုံးခန်းမ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝိုင်းမော်မြို့နယ်၌ ၂၀၂၃ ခုနှစ် မိုးရာသီအကြိုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦး ဆောင်မှုဖြင့် မြို့နယ်သစ်တောဦးစီးဌာနမှကြီးမှူး၍ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ သစ်ပင်များ စိုက်ပျိုးခြင်းဖြင့် ဒေသတွင်းအပူချိန်လျော့ကျလာစေရေး၊ သစ်တောသစ်ပင်များ ပြုန်းတီးမှုမဖြစ်ပေါ်စေရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲကို မေလ ၃၁ ရက်နေ့ နံနက် (၉) နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းဝင်းတွင် ကျင်းပသည်။

နမ့်ခမ်းမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

“ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးစေဖို့ ကျောင်းအမြန်အပ်နှံစို့”ဟူသည့် ဆောင်ပုဒ်နှင့်အညီ မြို့နယ်အတွင်းရှိ ကလေးငယ်များ ကျောင်းသို့အချိန်မီရောက်ရှိစေရန်အတွက် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ သီရိရွှေရည်ခန်းမ၌ ယနေ့နံနက် (၉)နာရီ အချိန်က ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အမ်းမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ ကျောင်းအပ်နှံရေး သီတင်းပတ်နေ့ အခမ်းအနား ကျင်းပ

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ ကျောင်းအပ်နှံရေး သီတင်းပတ်နေ့ အခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီက အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်မဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးလာရောက်ထိုးနှံသူများပြား

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျောက်မဲမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ဝန်ထမ်းများနှင့်ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများ ပုံမှန်ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ဆေးလာရောက်ထိုးနှံသူများပြားကြောင်း သိရသည်။

လပွတ္တာခရိုင်ကိုယ်စားပြု အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးအသင်းအား ဂုဏ်ပြုပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၈)ခရိုင် အသက်(၁၈)နှစ်အောက် လပွတ္တာခရိုင် ကိုယ်စားပြု ဒုတိယဆုရရှိသော ဘောလုံးအသင်းအား ဂုဏ်ပြုပွဲကို ယနေ့နံနက် (၁၁)နာရီအချိန်က လပွတ္တာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။

ဥတ္တရသီရိမြို့နယ်၌ ၂၀၂၃-၂ဝ၂၄ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်တွင် အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပသည်။
Subscribe to