အမ်း မေ ၃၁
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ ကျောင်းအပ်နှံရေး သီတင်းပတ်နေ့ အခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီက အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး မောင်မောင်ခိုင်က နိုင်ငံတော်အနေဖြင့် ပညာရေးကဏ္ဍဖွံ့ ဖြိုးတိုးတက်ရေးအတွက် ဦးစားပေးဆောင်ရွက်နေမှု အခြေအနေများ စာတတ် ရုံမျှမက "ဗလငါးတန်"နှင့် ပြည့်စုံပြီး တိုင်းပြည်အတွက် အားကိုးရသော နိုင်ငံသားကောင်းများ ပေါ်ထွက်လာစေရန်အတွက်၊ စာသင်ကျောင်းသည် အကောင်းဆုံး၊ အသင့်တော်ဆုံး၊ ပညာဆည်းပူးလေ့လာသင်ယူရာ ဌာနဖြစ်သဖြင့် မိမိတို့၏ ရင်သွေးငယ်များ မိမိတို့ ပတ်ဝန်းကျင်ရှိ ကလေးငယ်များပညာ သင်ယူမှုအခွင့်အရေး မဆုံးရှုံးစေရန် ပညာရေးမဝေးစေရန်အတွက် "ကျောင်းနေအရွယ်ကလေးများအားလုံး ပညာရေးမဝေးစေဖို့ ကျောင်းအမြန်အပ်နှံစို့" ဆောင်ပုဒ်နှင့်အညီ အချိန်မှီ ကျောင်းအပ်နှံကြပါရန်နှင့် ပြည်သူလူထုအနေဖြင့် အမျိုးသားရေး တာဝန်တရပ်အဖြစ် ပူး ပေါင်းပါဝင်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်၍ အမ်းခရိုင်ပညာရေးမှူး ဒေါ်တင်တင်မြင့်က ကျောင်းအပ်နှံရာတွင် ဆရာ၊ဆရာမများ သိရှိထားသည့် အချက်များနှင့် ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို ရှင်းလင်းဆွေးနွေးပြီး အ.ထ.က (၁)ကျောင်းသူများက ပန်းကမ္ဘာမျှော်စင်၊ရိုးမရံစီ သီချင်းဖြင့်လည်းကောင်း အ.ထ.က(၃)မှ ကျောင်းသူများက လည်စောင်လာပါ ပြည်ဓညာသီချင်းဖြင့်လည်းကောင်း သီဆိုဖျော်ဖြေခဲ့ကြပြီး နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သည့် သင်ရိုးညွှန်းတမ်းစာအုပ်များနှင့် ဗလာစာအုပ်များ၊ ကျောင်း ဝတ်စုံများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆင်းရဲချို့တက်သော ကျောင်းသားကျောင်းသူများအား ပေးအပ်ရာ ကျောင်းသားကျောင်းသူများက လက်ခံရယူ ခဲ့ကြသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန် သီချင်းဖြင့် ဖျော်ဖြေခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)