လပွတ္တာ မေ ၃၁
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၈)ခရိုင် အသက်(၁၈)နှစ်အောက် လပွတ္တာခရိုင် ကိုယ်စားပြု ဒုတိယဆုရရှိသော ဘောလုံးအသင်းအား ဂုဏ်ပြုပွဲကို ယနေ့နံနက် (၁၁)နာရီအချိန်က လပွတ္တာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။
အခမ်းအနားတွင် လပွတ္တာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးညွန့်က အမှာစကားပြောကြားပြီး ဝန်ကြီးချုပ်ဖလား (၈)ခရိုင် အသက်(၁၈)နှစ်အောက် လပွတ္တာခရိုင်ကိုယ်စားပြု ဒုတိယဆုရရှိသော ဘောလုံးအသင်းအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ခရိုင်အဆင့် ဌာနဆိုင်များက ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ကြသည်။ ဆက်လက်၍ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန ခရိုင်ဦးစီးမှူး အုပ်ချုပ်သူ ဒေါ်ခိုင်ခိုင်အေးက ဘောလုံးပြိုင်ပွဲ အတွေ့အကြုံများအား ရှင်းလင်းပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်