ဝိုင်းမော်မြို့နယ်၌ ၂၀၂၃ ခုနှစ် မိုးရာသီအကြိုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ဝိုင်းမော် မေ ၃၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦး ဆောင်မှုဖြင့် မြို့နယ်သစ်တောဦးစီးဌာနမှကြီးမှူး၍ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ သစ်ပင်များ စိုက်ပျိုးခြင်းဖြင့် ဒေသတွင်းအပူချိန်လျော့ကျလာစေရေး၊ သစ်တောသစ်ပင်များ ပြုန်းတီးမှုမဖြစ်ပေါ်စေရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲကို မေလ ၃၁ ရက်နေ့ နံနက် (၉) နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းဝင်းတွင် ကျင်းပသည်။

ရှေးဦးစွာ စိုက်ပျိုးမည့်ပျိုးပင်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူးမှ တက်ရောက်လာသူများထံအပင်များပေးအပ်၍ စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ ကြောင်း၊ အဆိုပါ မိုးရာသီအကြိုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌ဇော်မင်းဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်သီတာမွန်နှင့် အသင်းဝင်များ၊ သစ်တောဦးစီးဌာနမှမြို့နယ်ဦးစီးမှူး ဦးငြိမ်းထွန်းနှင့်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမူကူညီရေးအသင်း(၆)သင်း၊ ဒေသခံပြည်သူများ နှင့်အတူ အင်အား (၂၉၀) ဦးခန့်ဖြင့် မဟော်ဂနီ၊ ပိတောက်၊ ယမနေ၊ ယင်းမာ၊ တောင်တမာ၊ မျောက်ငို၊ ချင်းဒညှင်း၊ ရေပိတုန်း၊ သစ်အယ်၊ ထင်းရူး၊ ပျဉ်းကတိုး၊ စကားဝါ၊ ကြက်မောက်၊ သံမလန်းနှင့်မန်ဂျန်ရှားအပင်၊ စုစုပေါင်းပျိုးပင် (၄၄၁)ပင် အား စုပေါင်းစိုက်ပျိုးခဲ့သည်။

ဖြူစင်