သံတွဲ မေ ၃၁
သံတွဲခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက် ၈း၃၀ နာရီက သံတွဲမြို့ ခြံပြင်ကျေးရွာရှိ စံကားတောင်ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ မုန်တိုင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်း အဆောက်ဦးပျက်စီးမှုအား ပြန်လည်ပြင်ဆင်ပြီးစီးမှုအခြေအနေများကို ကြည်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် ဆရာတော်အား ဖူးမြော်ကြည်ညိုကာ ဘုန်းတော်ကြီးကျောင်း အဆောက်အဦး ပြန်လည် ပြင်ဆင်ပြီးစီးမှု အခြေအနေများကို လျောက်ထားတော်မူခဲ့ရာ ဆရာတော်မှ ကျောင်းမကြီး အမိုးပြန်လည်ပြုပြင်နိုင်ရန်အတွက် အမိုးသွပ်များ လိုအပ်နေမှုများကို မိန့်ကြားတော်မူခဲ့သည်။ အဆိုပါ လိုအပ်သော အမိုးသွပ်များကို သံတွဲခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌမှ ထပ်မံဖြည့်ဆည်းပေးနိုင်ရေး ပြန်လည်လျှောက်ထားတော်မူခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)