လွိုင်လင် မေ ၃၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ နှင့်ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ (၃)နာရီက ခရိုင်လေ့ကျင့်ရေးကွင်း မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် နန့်စန်မြို့နယ်အသင်းနှင့် လွိုင်လင်မြို့နယ် အသင်း တိုယှဉ်ပြိုင်ကစားကြရာ နမ့်စန်မြို့နယ်အသင်းက (၃)ဂိုး (၁)ဂိုးဖြင့်အနိုင်ရဗိုလ်စွဲသွား သည်။ ဆက်လက်၍ ဆုချီးမြှင့်ပွဲ အခမ်းအနားကိုကျင်းပရာ ဒုတိယဆုရရှိသည့် လွိုင်လင်မြို့နယ် အသင်းအား တစ်ဦးချင်းဆုတံဆိပ်များကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းထွဋ်ကလည်းကောင်း၊ ဒုတိယဆုရရှိသည့် အသင်းအားငွေသားဆုကို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးလွင်ဦး ကလည်း ကောင်း၊ ထို့နောက် ဒိုင်လူကြီးများအားဂုဏ်ပြုဆု၊ အကောင်းဆုံးဂိုးသမားဆု၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆုများကို တာဝန်ရှိသူများကလည်းကောင်း၊ ပထမဆုရရှိသည့် နမ့်စန်မြို့နယ် အသင်းအားတစ်ဦးချင်းဆုတံဆိပ်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးထွန်းမြင့်နိုင် ကလည်းကောင်း၊ ပထမဆုရရှိသည့်အသင်းအားငွေသားဆုကို ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ညိုညိုခင်ကလည်းကောင်း၊ တံခွန်စိုက် ဆုဖလားကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင် ကလည်းကောင်း ဆုများအသီးသီး ချီးမြှင့် ပေးလိုက်ကြောင်း သိရသည်။ ဆုပေးပွဲအပြီးတွင် မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်