ဇမ္ဗူသီရိမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် “မီးခိုးမြူငွေ့ ညစ်ညမ်းမှုအကြောင်း အသိပညာပေး" Talk Show ကျင်းပ

ဇမ္ဗူသီရိ မေ ၃၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့မွန်းလွဲပိုင်းက “မီးခိုးမြူငွေ့ ညစ်ညမ်းမှုအကြောင်း အသိပညာပေး" Talk Show ကျင်းပခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နီလာစိုးနှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်နိုင်ဦးတို့က မီးခိုးမြူငွေ့ညစ်ညမ်းမှုဖြစ်ပေါ်နိုင်သည့် အဓိကအကြောင်းအရင်းများ၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုကြောင့် သဘာဝပတ်ဝန်းကျင်နှင့် လူသားတွေအပေါ် သက်ရောက်နိုင်သည့်ဆိုးကျိုးများ၊ ​မြန်မာနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအချို့ရဲ့ မီးခိုးမြူငွေ့ ညစ်ညမ်းမှုအခြေအနေများနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်လျော့ချနိုင်ရေးအတွက် လိုက်နာဆောင်ရွက်ကြရမည့်အချက်များအား အကျယ်တဝင့် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်အတွက် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် တင်ဆက်ပေးလျက်ရှိရာ ယခု Talk Show အပြည့်အစုံကိုလည်း We Love Zabuthiri Facebook Page တွင် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဟိန်းသူအောင်(ပြန်/ဆက်)