ကျောက်တံခါးမြို့နယ်၌ စပါးတစ်ဧက အထွက်နှုန်းတိုးတက်စေရေး ကြဲခင်းစနစ်မှ တိုက်ရိုက်အစေ့ချ စိုက်ပျိုးနိုင်ရန် မျိုးစေ့ချ ကိရိယာ (Seeder) ပေးအပ်ပွဲကျင်းပ

ကျောက်တံခါး မေ ၃၁

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၌ စပါးတစ်ဧက အထွက်နှုန်းတိုးတက်စေရေး ကြဲခင်းစနစ်မှ တိုက်ရိုက်အစေ့ချ စိုက်ပျိုးနိုင်ရန် လယ်ယာသုံးစပါးမျိုးစေ့ချကိရိယာ (Seeder) ပေးအပ်ပွဲကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွှန့်ဆွေက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူးက တိုက်ရိုက်မျိုးစေ့ချ ကိရိယာ(Drum Seeder)၏ စွမ်းဆောင်ချက်၊ အားသာချက်များကို တောင်သူများအား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တိုက်ရိုက်မျိုးစေ့ချကိရိယာ (Seeder) ဝယ်ယူသည့် တောင်သူတစ်ဦးချင်းစီ၏ လက်ဝယ်သို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးမွေးမြူရေး ကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များက တောင်သူများအား လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ ဆက်)