နမ့်စန်(တ) ဇွန် ၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ယနေ့နံနက် ၁၀နာရီခန့်က ဝမ်ပုံကျေးရွာအုပ်စု၊ ဟိုဦးကျေးရွာ အခြေခံပညာမူလတန်းကျောင်းရှေ့၌ ၂၀ ပေခန့်အမြင့်ရှိ စိန်ပန်းပြာပင်မှာ အမြစ်လန်ကာ နမ့်စန်-လွိုင်လင်ပြည်ထောင်စုလမ်းမကြီးပေါ်သို့ လဲကျ၍ လမ်း ပိတ်ဆို့မှုများဖြစ်ပါ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သစ်ပင်လဲကျ၍ လမ်းပိတ်ဆို့မှုဖြစ်ရာနေရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်အောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ ၊တောင်တန်း လူငယ်၊ ရောင်စုံပန်းခင်းနှင့် ကရူဏာရှင်လူမှုကူညီရေးအသင်းအဖွဲ့များနှင့် ပြည်သူများက သွားရောက်၍ လမ်းပိတ်ဆို့နေသော သစ်ပင်သစ်ကိုင်းအပျက်အစီး ရှင်းလင်းခြင်းနှင့် အခြား လိုအပ်သည်များ ကိုစုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သူရအောင်(ပြန်/ဆက်)