နောင်ချို ဇွန် ၁
နိုင်ငံတစ်ဝှမ်းလုံးရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အခြေခံပညာကျောင်းများကို ဇွန်လ ၁ ရက်နေ့မှစတင်၍ ပုံမှန်ပညာသင်နှစ်ကာလအတိုင်း ပြန်လည်ဖွင့်လှစ်သင်ကြားလျက်ရှိရာ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံးသည်လည်း ယနေ့ နံနက် ၉ နာရီအချိန်မှ စတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
နောင်ချိုမြို့နယ်အတွင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းပေါင်း (၁၈၈) ကျောင်း၊ ဘ.ကကျောင်း(၂)ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း(၃)ကျောင်း၊ စုစုပေါင်း (၁၉၃)ကျောင်းရှိပြီး အဆိုပါကျောင်းများတွင် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၅၁၄)ဦး၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၃၇၁၂)ဦးနှင့် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၅၀၉၆)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၂၀၃၂၂)ဦး အေးချမ်းစွာ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)