ဇေယျာသီရိမြို့နယ်၌ ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ် နှစ်စဉ်စီမံကိန်းရည်မှန်းချက်တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ဇေယျာသီရိ ဇွန် ၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်စဉ်စီမံကိန်းရည်မှန်းချက်တာဝန်များ ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဇေယျာသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်က ဇေယျာသီရိ မြို့နယ်အနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများလျာထားရာတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း၊ ပြည်သူလူထု၏အကျိုးစီးပွားလိုအပ်ချက်များကို တိုက်ရိုက်ဖြည့်ဆည်းပေးနိုင်သည့်လုပ်ငန်းများ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုအထောက်အကူပြုနိုင်သည့် လုပ်ငန်းများကို လျာထားနိုင်ခဲ့ပါကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်စဉ်စီမံကိန်းရည်မှန်းချက်များရေးဆွဲရာတွင် ကဏ္ဍအလိုက်စုစုပေါင်း ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နှစ်ကုန်ခန့်မှန်းခြေစာရင်းအရ တစ်နှစ်လုံးအတွက် ၆.၆ ရာခိုင်နှုန်းတိုးတက်ရန် ရည်မှန်းထားပါကြောင်း၊ ဇေယျာသီရိမြို့နယ်အနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပြည်တွင်းထုတ်လုပ်မှုများ စွမ်းအားပြည့်လည်ပတ်နိုင်ရေးသည် လွန်စွာအရေးကြီးသည့်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို တန်ဖိုးမြင့်ထွက်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရေး၊ မျိုးကောင်းမျိုးသန့်များရွေးချယ်စိုက်ပျိုးနိုင်ရေး၊ အထွက်နှုန်းပြည့်မှီရေးနှင့် အရည်အသွေးကောင်းမွန်ရေးတို့ကို အလေးပေးဆောင်ရွက်သွားမှာဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် ဇေယျာသီရိမြို့နယ် စီမံကိန်းဦးစီးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဟိန်းထက်က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်စဉ်စီမံကိန်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြခဲ့ပြီး ဇေယျာသီရိ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက နှစ်စဉ်စီမံကိန်းရည်မှန်းချက်များဖြစ်သည့် လယ်ယာကဏ္ဍ၊ သားငါးကဏ္ဍ၊ သစ်တောကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား သက်ဆိုင်သည့်ဌာန ဆိုင်ရာတာဝန်ရှိ သူများအား ပေးအပ်ခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)