ကွမ်းခြံကုန်း ဇွန် ၁
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ယနေ့နံနက်ပိုင်းမှစ၍ စတင်ဖွင့်လှစ်ရာ ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် ကျောင်းစတင်တက်ရောက်ပညာသင်ကြားလျက် ရှိကြောင်းသိရသည်။
အဆိုပါအခြေခံပညာကျောင်းများ ဖွင့်လှစ်ရာ၌ မြို့နယ်ပညာရေးမှူး ဦးဦးသန်းမောင်၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ကျောင်းများရှိ တာဝန်ခံ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား/သူ မိဘများနှင့် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက ဝိုင်းဝန်း၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ကွမ်းခြံကုန်းမြို့နယ်တွင် အခြေခံပညာမူလတန်းကျောင်း (၉၇)ကျောင်း၊ မူလတန်းလွန်(၁၁)ကျောင်း၊ အ.လ.က(၂)ကျောင်း၊ အ.လ.ကခွဲ(၂)ကျောင်း၊ အ.ထ.က(ခွဲ) ၄ ကျောင်းနှင့် အ.ထ.ကကျောင်း ၈ ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၇)ကျောင်း၊ စုစုပေါင်း (၁၃၂)ကျောင်း စတင်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
ဆွေနွယ်(IPRD)