မိုင်းယုမြို့၌ မျိုးသန့်မျိုးစေ့များ ထောက်ပံ့ပေးအပ်

မိုင်းယု ဇွန် ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့စိုက်ပျိုးရေးဦးစီးဌာနသည် ဒေသနှင့်ကိုက်ညီပြီး အရည်အသွေးကောင်း၍ အထွန်းနှုန်းကောင်းသော စပါးများနှင့်သီးနှံများရရှိစေရန် ရည်ရွယ်၌ မိုးစပါးမျိုးသန့်မျိုးစေ့များနှင့် နေကြာမျိုးစေ့များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မိုင်းယုမြို့ခေတ္တအုပ်ချုပ်ရေးမှူး ဦးရှိုင်းပိုင်မှူးက အမှာစကားပြောကြားပြီး၊ စိုက်ပျိုးရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်ပြုံးပြုံးနွဲ့က မျိုးကောင်းမျိုးသန့် စိုက်ပျိုးထုတ်လုပ်တဲ့ နည်းပညာကို ရေရှည်တည်တံ့ခိုင်မြဲအောင် စိုက်ပျိုးထုတ်လုပ်သည့် နည်းပညာရရှိနိုင်ရန်၊ တောင်သူအချင်းချင်း မျိုးကောင်းမျိုးသန့်သုံးစွဲခြင်း၊ မြေပြင်စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ သန့်စင်သိုလှောင်မှုအဆင့်ဆင့်နှင့် ဒေသနှင့်ကိုက်ညီသည့် အရည်အသွေးကောင်းသော မိုးစပါးအထွက်နှုန်းတိုးတက်စေရန် ရည်ရွယ်ပြီး မျိုးစေ့များထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက တောင်သူများအား ဆင်းဧကရီ-၃ မိုးစပါးမျိုးသန့်မျိုးစေ့များနှင့် နေကြာမျိုးစေ့များအား ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

အားချာ