ခန္တီးမြို့တွင် ရိတ်သိမ်းချိန်လွန်နည်းပညာပေးသင်တန်းနှင့် မျိုးစေ့ထောက်ပံ့ပေးအပ်ပွဲ ပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးအတွက် ရိတ်သိမ်းချိန် နောက်ပိုင်း ဆုံးရှုံးမှုများကို သတိထားလျော့ချနိုင်ရန်၊ ရိတ်သိမ်းချိန်လွန်နည်းစနစ်များကို တောင်သူများကိုယ်တိုင်သိရှိလိုက်နာဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ရိတ်သိမ်းချိန်လွန်နည်းပညာ ပေးသင်တန်းနှင့် တောင်သူများအား မျိုးစေ့ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ခရိုင်နှင့်မြို့နယ် စိုက်ပျိုးရေးဉီးစီးဌာနတို့မှပူးပေါင်း၍ မေလ ၃၀ ရက်နေ့မွန်းလွဲ (၂) နာရီ အချိန်က ခရိုင်စိုက်ပျိုး ရေးဉီးစီးမှူးရုံး၌ ပြုလုပ်ခဲ့သည်။

ပဲခူးမြို့နယ်တွင် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးမြှင့်တင်ရေး ဆွေးနွေးပွဲကျင်းပ

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးမြှင့်တင်ရေး ဆွေးနွေးပွဲကို ဇွန် ၁ ရက်နေ့နံနက်က ပဲခူးမြို့၊ မြို့တော်ခန်းမ၌ကျင်းပရာ တိုင်းဒေသကြီး အိမ်ခြံမြေအကျိုးဆောင်များနှင့် အဖိုးတန်သတ္တုရောင်းဝယ်သူများ ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအေးမောင်ကြည်က အဖွင့်အမှာစကားပြောကြားသည်။

ဖျာပုံမြို့တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်စိုးလွင်နှင့် တာဝန်ရှိသူများ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်မှု လှည့်လည်ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်စိုးလွင်နှင့် တာဝန်ရှိသူများသည် အခြေခံပညာ ကျောင်းများ စတင်ဖွင့်လှစ်မှုအား လှည့်လည်ကြည့်ရှု အားပေးခြင်းကို ယနေ့ နံနက်ပိုင်းတွင် ဖျာပုံမြို့ပေါ်ရှိ အ​ခြေခံပညာကျောင်းများသို့ လိုက်လံကြည့်ရှုအားပေး စကား ပြောကြားသည်။

စဥ့်ကိုင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား/ကျောင်းသူများပျော်ရွှင်စွာ ပညာသင်ကြား

၂၀၂၃-၂၀၂၄ပညာသင်နှစ်၏ ကျောင်းအပ်နှံရေးဆောင်ပုဒ်ဖြစ်သည့် ကျောင်းနေအရွယ်ကလေးအားလုံးပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ဟူသော ဆောင်ပုဒ်နှင့်အညီတစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများကို ဇွန်လ၁ရက်နေ့မှစတင်၍ ဖွင့်လှစ်ခဲ့ရာ မန္တလေး တိုင်းဒေသကြီး၊ ကျောက်ဆည် ခရိုင်၊ စဥ့်ကိုင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် မနှစ်ကထက် ပိုမိုတိုးတက်များပြားစွာ အေးချမ်းစွာကျောင်းတက်‌ရောက် ပညာ သင်ကြားလျက်ရှိကြောင်းသိရသည်။

တာမွေမြို့နယ်ရှိ နားမကြားသောကလေးများကျောင်း(ရန်ကုန်)၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအဆင့် ကျောင်းသား/ သူများ ပျော်ရွှင်စွာပညာသင်ကြား

"ပညာရေးဖြင့် ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ့" ဆိုသည့် ဆောင်ပုဒ်နှင့်အညီ စည်းကမ်းပြည့်ဝပြီး ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီးကို တည်ဆောက်တဲ့နေရာမှာ ပညာရေးရဲ့ အခန်းကဏ္ဍဟာ များစွာအရေးကြီးတဲ့အတွက် ပညာရေးဝန်ကြီးဌာနက "ဘာသာရေး၊ လူမျိုးရေး၊ ကျား/ မ ဆင်းရဲချမ်းသာ၊ မသန်စွမ်းနှင့် နိုင်ငံသားဖြစ်မှုဆိုင်ရာတို့ကို ခွဲခြားမှုမရှိဘဲ ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့် ရရှိ စေရန်" ရည်ရွယ်၍

ကလေးမြို့၌ အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်ပြီး ကျောင်းသားကျောင်းသူများပျော်ရွှင်စွာ ပညာသင်ကြား

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၌ ၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ   ယနေ့ ဇွန် လ (၁)ရက်နေ့တွင် စတင်ဖွင့်လှစ်ရာ  ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အေးချမ်းစွာဖြင့် ကျောင်းစတင် တက်ရောက်၍ ပျော်ရွှင်စွာပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

လားရှိုးမြို့တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ဆိုင်းဘုတ်စိုက်ထူပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် လားရှိုးခရိုင်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ၏ အစီအစဉ်ဖြင့် အခြေခံပညာဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် (၉း၀၀) နာရီအချိန်က အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။

ဝန်းသိုမြို့ အ.ထ.ကကျောင်းတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နှင်းရေး အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးစီမံချက် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နှင်းရေး အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဂွမြို့တွင် အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ခြင်းများ ဆောင်ရွက်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့တွင် အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်းနှင့် ဆေးတိုက်ခြင်းများကို ယမန်နေ့ နံနက်ပိုင်းမှ စတင်ကာ မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနတွင် ဆောင်ရွက်ပေးလျက်ရှိသည်။

ပျဉ်းမနားမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ အသက် ၂ နှစ်အထိ ကလေးများအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံပေး

ပျဉ်းမနားမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ အသက် ၂ နှစ်အထိ ကလေးများအား လစဉ်ပုံမှန် ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ရွာသစ်ကျေးရွာတွင် ထိုးနှံပေးခဲ့သည်။
Subscribe to