လောက်ကိုင် ဇွန် ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ယမန်နေ့ နံနက်ပိုင်းက စတင်ဖွင့်လှစ်ရာ ကျောင်းသား/ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် တက်ရောက် ပညာသင်ယူလျက်ရှိသည်။
အဆိုပါ ကျောင်းများဖွင့်လှစ်ရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် အဖွဲ့ဝင်များ သက်ဆိုင်ရာကျောင်းများရှိ တာဝန်ခံကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ ကျောင်းအကျိုးတော်ဆောင်များ၊ မိဘများ၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အထောက်အကူပြုအဖွဲ့များက လိုအပ်သည်များ ဝိုင်းဝန်းဆောင်ရွက်ပေးကြောင်း သိရသည်။
လောက်ကိုင်မြို့နယ်တွင် အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်း စုစုပေါင်း (၇၅)ကျောင်းရှိရာ ကျောင်းများအားလုံး စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး ယနေ့ထိ ကျောင်းသား/ ကျောင်းသူစုစုပေါင်း (၁၂၁၁၂)ဦး တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်းနှင့် ကျန်ရှိနေသည့် ကျောင်းနေအရွယ် ကလေးများကိုလည်း ဆက်လက် ကျောင်းအပ်လက်ခံပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။
ညိုညိုဝင်း (လောက်ကိုင်)