တာလေ ဇွန် ၂
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဇွန်လ ၁ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူ(၂၈၁၆)ဉီး အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
တာလေမြို့တွင် အခြေခံပညာအထက်တန်းကျောင်း(၁)ကျောင်း၊ အထက်တန်းကျောင်း(ခွဲ) (၁)ကျောင်း၊ အလယ်တန်းကျောင်း(၁)ကျောင်း၊ အလယ်တန်းကျောင်း-ခွဲ(၁)ကျောင်း၊ မူလတန်း (လွန်)ကျောင်း(၅)ကျောင်း၊ မူလတန်းကျောင်း(၁၆)ကျောင်းနှင့် မူလတန်းကျောင်း(ခွဲ)(၅)ကျောင်း၊ စုစုပေါင်းကျောင်းပေါင်း(၃၀)ရှိပြီး အဆိုပါကျောင်းများတွင် ကျောင်းသား(၁၃၈၂)ဉီး၊ ကျောင်းသူ (၁၄၃၄)ဉီး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၂၈၁၆)ဦး တက်ရောက်ပညာသင်ကြားလျက်ရှိပြီး ကျောင်းအပ်နှံရေးနေ့ကို မေလ(၂၃)ရက်နေ့မှ မေလ(၃၁)ရက်နေ့အထိ သတ်မှတ်ကာ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးပုံနှိပ်စာအုပ်၊ ကျောင်းသုံးဗလာစာအုပ်နှင့် ကျောင်းဝတ်စုံများ အခမဲ့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)