လူငယ်နှင့် သဘာဝဘေးအန္တရာယ် အသိပညာပေး (Talk Show) ဆွေးနွေးပွဲကျင်းပ

သင်္ဃန်းကျွန်း ဇွန် ၂

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာနတွင် Online မှတစ်ဆင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က လူငယ်များ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်ရည်ရွယ်၍ လူငယ်နှင့်သဘာဝဘေးအန္တရာယ်  အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် ဦးစီးအရာရှိ ဒေါ်ဝါဝါဝင်းမြိုင်က (Talk Show) ဆွေးနွေးပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် စာရေးဆရာမ မေ(ရန်ကုန်)မှ သဘာဝဘေးအန္တရာယ် ကျရောက်ပါက သဘာဝဘေးအန္တရာယ် ကာကွယ်ရေးစီမံထားချက်များ၊ မုန်တိုင်းအတွက် သတိပြုလိုက်နာရန်အချက်များ၊ မုန်တိုင်းမကျရောက်မီ ဆောင်ရွက်ရမည့်အချက်များ၊ မုန်တိုင်း အန္တရာယ်ကျရောက်ပြီးပါက လိုက်နာရန်အချက်များ၊ ဆောင်ရန်/ ရှောင်ရန်အချက်များ စသည့်သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့် အကြောင်းအရာများကို  အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးအနေဖြင့် (Talk Show) ဆွေးနွေးပွဲများကို လစဉ်ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)