ဘုတ်ပြင်း ဇွန် ၂
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့တွင် အခြေခံပညာကျောင်းများနှင့်ဘုန်းတော် ကြီးသင်ပညာရေးကျောင်းများကို ဇွန်လ (၁) ရက်နေ့ နံနက်မှစ၍ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိရာ ကျောင်းသားကျောင်းသူများ စတင်တက်ရောက်သင်ကြားနေပြီဖြစ်ကြောင်း သိရသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဘုတ်ပြင်းခရိုင်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း ( ၉၄ ) ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၅) ကျောင်း၊ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်း (၁) ကျောင်း စုစုပေါင်း ကျောင်း (၁၀၀) ကျောင်းတို့တွင် ကျောင်းသားကျောင်းသူစုစုပေါင်း (၁၃၉၁၈) ဦး စတင်တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။
ယခုနှစ် ပညာသင်နှစ်အတွင်း ကျောင်းမအပ်နှံရသေးသည့်သူများအနေဖြင့် ကျောင်းလာရောက်အပ်နှံပါက ကျောင်းအပ်နှံခြင်းကို လက်ခံဆောင်ရွက်ပေးလျက် ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
အဆိုပါ ဘုတ်ပြင်းခရိုင်အတွင်း ဇွန်လ ၁ ရက်နေ့စ၍ ဖွင့်လှစ်လျက်ရှိသော အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကို ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်၊ မြို့နယ်ပညာရေးရေးမှူးများနှင့် ပညာရေးဌာနမှတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာများရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များက ကျောင်းသား ကျောင်းသူများ အဆင်ပြေစွာပညာသင်ကြားနိုင်ရေးအတွက် လိုအပ်သည်များ ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်( ပြန်/ဆက်)