မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်(၅)ခုမှ အခြေခံပညာကျောင်းပေါင်း ၈၁၈ ကျောင်း၌ တက်ရောက်ပညာသင်ကြားသူပေါင်း ၁၁၁၀၀၀ ကျော်ရှိ

မင်းဘူး ဇွန် ၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်းရှိ မင်းဘူး(စကု)၊ ပွင့်ဖြူ၊ စလင်း၊ ငဖဲနှင့် စေတုတ္တရာ မြို့နယ်များတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် မူ/လယ်/ထက် အခြေခံပညာကျောင်းများအားလုံးကို စတင်ဖွင့်လှစ်ခဲ့ပြီးနောက် ဇွန်လ ၁ ရက်နေ့အထိ တက်ရောက်ပညာသင်ကြားသူပေါင်း ၁၁၁၀၀၀ ကျော်ရှိကြောင်း မင်းဘူးခရိုင်ပညာရေးမှူးရုံးမှ သိရသည်။

မင်းဘူးခရိုင်အတွင်းရှိ မူ/လယ်/ထက် ကျောင်းများတွင် မင်းဘူး(စကု)မြို့နယ်၌ စာရင်းရှိ ကျောင်းသားပေါင်း ၃၄၅၂၂ ဦး၊ လာရောက်အပ်နှံသူပေါင်း ၃၀၃၂၄ ဦး၊ တက်ရောက်ပညာသင်ကြားသူပေါင်း ၃၀၁၃၀ ဦး၊ ပွင့်ဖြူမြို့နယ်၌ စာရင်းရှိကျောင်းသားပေါင်း ၂၈၄၇၃ ဦး၊ လာရောက်အပ်နှံသူပေါင်း ၂၆၈၇၁ ဦး၊ တက်ရောက်ပညာသင်ကြားသူပေါင်း ၂၆၈၇၁ ဦး၊ စလင်းမြို့နယ်၌ စာရင်းရှိကျောင်းသား ပေါင်း ၄၀၃၈၃ ဦး၊ လာရောက်အပ်နှံသူပေါင်း ၃၉၈၀၇ ဦး၊ တက်ရောက်ပညာသင်ကြားသူပေါင်း ၃၇၈၁၆ ဦး၊ ငဖဲမြို့နယ်၌ စာရင်းရှိကျောင်းသားပေါင်း ၁၀၄၀၁ ဦး၊ လာရောက်အပ်နှံသူပေါင်း ၉၆၇၆ ဦး၊ တက်ရောက်ပညာသင်ကြားသူပေါင်း ၈၈၃၈ ဦး၊ စေတုတ္တရာမြို့နယ်၌ စာရင်းရှိကျောင်းသားပေါင်း ၉၀၅၈ ဦး၊ လာရောက်အပ်နှံသူပေါင်း ၈၆၂၁ ဦး၊ တက်ရောက်ပညာသင်ကြားသူပေါင်း ၈၀၂၀ ဦးရှိကြောင်း သိရသည်။

အဆိုပါ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ ၂၃ ရက်မှ ၃၁ ရက်နေ့အထိ ကျောင်းအပ်လက်ခံခြင်းများကို ဆောင်ရွက်ခဲ့ရာ ခရိုင်ချုပ်စာရင်းအားဖြင့် မူ/လယ်/ထက်စာရင်းရှိ ကျောင်းသား/ကျောင်းသူပေါင်း ၁၂၂၈၃၇ ဦး၊ လာရောက်အပ်နှံသူပေါင်း ၁၁၅၂၉၉ ဦးရှိပြီး ဇွန်လ ၁ ရက်နေ့အထိ တက်ရောက်ပညာသင်ကြားသူ စုစုပေါင်း ၁၁၁၆၇၅ ဦးရှိကာ တက်ရောက်သည့် ရာခိုင်နှုန်းအားဖြင့် ၉ ဒသမ ၈၆ ရာခိုင်နှုန်းရှိကြောင်း မင်းဘူးခရိုင်ပညာရေးမှူးရုံးမှ ကျောင်းတက်စာရင်း မှတ်တမ်းများအရ သိရသည်။

မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်(၅)ခုတွင် မူ/လယ်/ထက် အစိုးရအခြေခံပညာကျောင်းပေါင်း ၈၁၈ ကျောင်းရှိသည့်အနက် မင်းဘူး(စကု)မြို့နယ်တွင် ၁၄၉ ကျောင်း၊ ပွင့်ဖြူမြို့နယ်တွင် ၁၆၆ ကျောင်း၊ စလင်းမြို့နယ်တွင် ၃၀၈ ကျောင်း၊ ငဖဲမြို့နယ်တွင် ၈၃ ကျောင်းနှင့် စေတုတ္တရာမြို့နယ်တွင် ၁၁၂ ကျောင်းရှိကြောင်း၊ ထို့အပြင် စလင်းမြို့နယ်မှ (၉)ကျောင်းနှင့် စေတုတ္တရာမြို့နယ်မှ(၁၅)ကျောင်းမှာ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းအပ်လက်ခံမှု ဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)