နတ်မောက် ဇွန် ၂
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ မိုခါမုန်တိုင်းဒဏ်ကြောင့် သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့သည့် နေရာများသို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသည့် ဌာနဆိုင်ရာများနှင့် အလှူငွေထည့်ဝင်လှူဒါန်းခဲ့သည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်က အဖွင့်အမှာစကားပြောကြားပြီး သဘာဝဘေးအန္တရာယ်ခံစားနေရသော ဒေသများရှိ ပြည်သူများအား သဒ္ဒါတရားပြည့်ဝစွာဖြင့် အလှူငွေ ထည့်ဝင်လှူဒါန်းခဲ့သည့် ရွှေဆိုင်လုပ်ငန်းရှင်များ၊ စားသုံးဆီလုပ်ငန်းရှင်များ၊ ဆန်ပွဲရုံလုပ်ငန်းရှင်များ၊ ဆေးဆိုင်လုပ်ငန်းရှင် (၁၉)ဦးနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများအား စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသည့် မြို့နယ်သစ်တောဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
လှဝင်း