ပုလော ဇွန် ၂
တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အတွက် အခြေခံပညာ ကျောင်းများကို ယမန်နေ့မှ စတင်ဖွင့်လှစ်ရှိရာ ကျောင်းသား/သူများ ပျော်ရွှင်စွာလာရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
ပုလောမြို့နယ်၌ မေလ ၂၃ ရက်နေ့နံနက်ပိုင်း မှ ၃၁ ရက်နေ့ ညနေပိုင်းအထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ်လှုပ်ရှားမှုအနေဖြင့် ကျောင်းအပ်နှံခြင်းကို လက်ခံခဲ့ကြောင်းပုလောမြို့နယ်တွင် အ.ထ.က(၁၀)၊ အ.ထ.က-ခွဲ(၁၀)၊ အ.လ.က(၇)၊ အ.လ.က-ခွဲ(၁၃)၊ မူလွန် (၂၃)၊ အ.မ.က (၉၃)၊ အ.မ.က-ခွဲ(၄) ကျောင်း စုစုပေါင်း (၁၆၀)ကျောင်းရှိကြောင်းနှင့် ကျောင်းလာရောက်အပ်နှံသူ စာရင်းရှိ ( ၁၃၃၃၅) ဦး အထိရှိ ကြောင်း ပုလောမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
အေးအေးမော်(ပုလော)