အင်္ဂပူမြို့နယ် အခြေခံပညာ အထက်တန်းကျောင်းမိသားစု၏ (၄၀)ကြိမ်မြောက် မဟာဘုံကထိန်ပွဲ စည်ကားသိုက်မြိုက်စွာ လှည့်လည်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် အခြေခံပညာ အထက်တန်းကျောင်းမှ ကြီးမှူး၍ နှစ်စဉ်နှစ်တိုင်း ကျင်းပမြဲဖြစ်သော အခြေခံပညာ အထက်တန်းကျောင်း (အင်္ဂပူ) မိသားစု၏ (၄၀)ကြိမ်မြောက်မဟာဘုံကထိန် လှည့်လည်ပွဲကို ယမန်နေ့နံနက်(၇)နာရီအချိန်က အဆိုပါကျောင်းစုရပ်မှ မြို့နယ်အတွင်းသို့ စည်ကားသိုက်မြိုက်စွာ လှည့်လည်ခဲ့ကြောင်း သိရသည်။

တောင်ကုတ်မြို့နယ်၌ မိုးစပါးစံပြကွက်ရိတ်သိမ်းပွဲနှင့် တောင်သူအသိပညာပေးကျင်းပ

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှကြီးမှူး၍ ၂၀၂၂ ခုနှစ်၊ မိုးရာသီမိုးစပါးတစ်ဧက အထွက်နှုန်းတင်း(၁၀၀)ကျော် အထွက်နှုန်းရရှိရေး မိုးစပါးစံပြကွက်ရိတ်သိမ်းခြင်းနှင့် တောင်သူများသို့ အထွက်နှုန်းအသိပညာပေးပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီအချိန်က ကင်းတောင်စံပြကျေးရွာရှိ တောင်သူဦးငမဲပါ (၂၂)ဦး၏ ကွင်းအမှတ်-၅၉ (ဃ)မိုးစပါးစံပြကွက် ၌ကျင်းပပြုလုပ်သည်။

မိုင်းယောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အသိပညာပေး Talk Show ကျင်းပ

မိုင်းယောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အသိပညာပေး Talk Show ကျင်းပ မိုင်းယောင်း နိုဝင်ဘာ ၆ နန်းပန်

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်(၁၆)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့ကြသော ပြည်နယ် လက်‌ရွေးစင်ဘောလုံးအသင်းအား ဂုဏ်ပြုချီးမြှင့်

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၀ ရက်နေ့တွင် နေပြည်တော်၌ စတင်ကျင်းပခဲ့သည့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၆)နှစ်အောက် (အမျိုးသား)ဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့ကြသော အောင်ပွဲရ ကချင်ပြည်နယ် လက်ရွေးစင် ဘောလုံးအသင်းအား ပြည်နယ်အစိုးရအဖွဲ့မှ ယမန်နေ့ ညနေ ၅ နာရီတွင် မြစ်ကြီးနားလေဆိပ်၌ ဂုဏ်ပြုကြိုဆိုခြင်းနှင့် ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

(၂၀၂၂)ခုနှစ်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ဒွါဒသမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

နှစ်စဉ် မြန်မာ့ရိုးရာအစဉ်အလာမပျက် ကျင်းပမြဲဖြစ်သည့် ဘုံကထိန်ပွဲတော်ကို ကချင် ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ ဒွါဒသမ အကြိမ်မြောက်အဖြစ် စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့ ကျောင်းထိုင်ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ရာ အခမ်းအနားကို နမောတဿ (၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့ ဖွင့်လှစ်သည်။

ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ကယားပြည်နယ်(၃၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာအခမ်းအနား လွိုင်ကော်မြို့၌ကျင်းပ

ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ကယားပြည်နယ်(၃၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲ့မှုစွမ်းဆောင်ရည်မြင့်မားရေးအတွက် အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်း ဆောင်ရည်မြင့်မားရေးအတွက် ဖြူးမြို့နယ်ပညာရေးမှူးရုံးမှ ဦးဆောင်၍ အခြေခံပညာ ထက်/လယ်/မူအဆင့် ကျောင်းအုပ်ကြီးများအား အလုပ်ရုံဆွေးနွေးပွဲ မြို့နယ်အဆင့်(ဆင့်ပွား) သင်တန်းကို ယမန်နေ့ နံနက်(၉)နာရီအချိန်က စတင်ကာ အထက(၁)ရာပြည့်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to