ချမ်းမြသာစည်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းများ စတင်ဖွင့်လှစ်၍ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြား

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်‌ကျောင်းများ စတင်ဖွင့်လှစ်သည့် ယနေ့နံနက်ပိုင်းမှစ၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိ‌ ကြောင်း သိရသည်။

ကန့်ဘလူမြို့၌ အခြေခံစားသောက်ကုန်များ ရောင်းချပေးခြင်းနှင့် အခမဲ့ ကျန်းမာရေးစောင့်ရှောက်ခြင်းများ ဆောင်ရွက်ပေး   

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာ ပြည်သူများဝယ်ယူနိုင်ရေး ကန့်ဘလူခရိုင် ကန့်ဘလူမြို့ စည်ပင်သာယာခန်းမ၌  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဥ်ဆောင်ရွက်မှုဖြင့် ဇွန် ၂ ရက်နံနက် ၇ နာရီက ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

စစ်ကိုင်းမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား

စစ်ကိုင်းမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ ဇွန်(၁)ရက်နေ့တွင် စတင် ဖွင့်လှစ်ပြီး ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ကျောင်းတက်ရောက် စာသင်ကြားလျက်ရှိ ကြောင်း သိရသည်။

သာ‌ပေါင်းမြို့နယ် အခြေခံပညာကျောင်းများ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူများ စတင်တက်ရောက် ပညာသင်ယူ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာ‌ပေါင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာ ကျောင်းများ၌ ယနေ့ ဇွန်လ ၁ ရက်နေ့ နံနက်ပိုင်းမှ စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့်တက်ရောက် ပညာသင်ယူကြလျက်ရှိသည်။

ပန်နန်း‌ဒင်မြို့၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ဆောက်လုပ်ပြီးစီးသည့် ကျောင်းဆောင်သစ်ဖွင့်လှစ်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်၊ ပန်နန်းဒင်မြို့တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ဆောက်လုပ်ပြီးစီးခဲ့သည့် ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီက ပန်နန်းဒင်မြို့ အခြေခံပညာအထက်တန်း ကျောင်းခန်းမ၌ ကျင်းပသည်။

မုံရွာမြို့နယ်၊ အလုံ အ.ထ.က (၂)တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် စိုက်ပျိုးရေး၊ မွေးမြူရေး ပညာရပ်များ တွဲဘက်သင်ကြားမည့် အခြေခံပညာအထက်တန်းကျောင်း စတင်ဖွင့်လှစ်သင်ကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်ဖြင့် ခေတ်မှီဖွင့်ဖြိုး တိုးတက်သော စိုက်ပျိုးရေး၊ မွေးမြူရေးပညာရပ်များ တစ်နိုင်ငံလုံးသို့ ပြန့်ပွားစေပြီး နိုင်ငံတော်၏ စီးပွားရေးကို အထောက်အကူ ပြုနိုင်စေရန်၊ အဆင့်မြင့်ပညာ ဆက်လက်မသင်ကြားနိုင်သော ကျောင်းသား/သူများအတွက် အသက်မွေးဝမ်းကျောင်းပညာအဖြင့် လမ်းသွယ်များ ဖွင့်လှစ်သင်ကြားပေးရန်၊ အစိုးရနှင့် ပုဂ္ဂလိကစိုက်ပျိုး မွေးမြူရေးဆိုင်ရာ လုပ်ငန်းများတွင် လိုအပ်လျက်ရှိသော စိုက်ပျိုးမွေးမြူရေး ကျွမ်းကျင်လုပ်သားများ ပြုစုပျိုးထောင် ပေးရန် ရည်ရွယ်၍ မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ အလုံ အ.ထ.က(၂) တပ်ကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အခြေခံပညာ အလယ်တန်းအဆင့် (Grade-9) အောင်မြင်ပြီး သော ကျောင်းသူ၊ ကျောင်းသားများအား ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် စိုက်ပျိုးမွေးမြူရေးပညာရပ်များ တွဲဘက်သင်ကြားမည့် အခြေခံပညာ အထက်တန်းကျောင်းအား (၁.၆.၂၀၂၃)နေ့တွင် စတင် ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်းသိရသည်။

မြောက်ဦးမြို့နယ်အတွင်း အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား၊ ကျောင်းသား/ကျောင်းသူများ ပျော်ရွှင်စွာ ပညာသင်ကြား

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်၌ ယမန်နေ့က အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား/ကျောင်းသူများမှ ပျော်ရွှင်စွာပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ဟိုင်းကြီးကျွန်းမြို့၌ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်၍ ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် ပညာသင်ကြားနေမှုအားမြို့အုပ်ချုပ် ရေးမှူးဦးကောင်းစံနှင့် တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ယနေ့နံနက်(၉) နာရီအချိန်မှစ၍ အခြေခံ ပညာကျောင်းများကို တည်ငြိမ်အေးချမ်းစွာဖြင့် ဖွင့်လှစ်သင်ကြားလျက်ရှိရာ ကျောင်းသား/ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် ပညာသင်ကြားပေးနေမှုအား မြို့အုပ်ချုပ်ရေးမှူးဦးကောင်းစံနှင့် တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ပဲခူးမြို့နယ်အတွင်း အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားနေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇွန်လ(၂)ရက်နေ့ နံနက်ပိုင်းက အစိုးရအဖွဲ့တာဝန်ရှိသူများနှင့်အတူ ပဲခူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင်အေးချမ်းစွာပညာသင်ကြားနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

သပိတ်ကျင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ဝန်ထမ်းမိသားစု ကျောင်းသား/ကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးဋ္ဌာနမှ ဝန်ထမ်းမိသားစု သား/သမီးများအား ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အတွက် ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ( ၁၀) နာရီက ဆိပ်ကမ်းရပ်ကွက် ရွှေဝါဝင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to