ခရမ်းမြို့နယ် မောင်းမကျေးရွာတွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု မော်တာအပ်ချုပ်စက်သင်တန်းဖွင့်

ရန်ကုန်တိုင်းဒေသကြီး‌၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိ၍ မိသားစုဝင် ငွေတိုးပွားစေရန် ဆင်းရဲမှုနှုန်းလျှော့ကျစေရန်၊ လူစီးပွားဘဝဖွံ့ဖြိုးတိုးတက်‌စေရန်ရည်ရွယ်၍

ပုဗ္ဗသီရိမြို့နယ် အမှတ်(၂၀) အခြေခံပညာအထက်တန်းကျောင်း၌ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ​ အသိပညာပေးဟောပြောပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် အမှတ်(၂၀) အခြေခံပညာအထက်တန်းကျောင်း၌ "ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ​အသိပညာပေးဟောပြောပွဲ" ကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ကလောမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။

မောက်မယ်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများ ယမန်နေ့နံနက်ပိုင်းမှ စတင်ဖွင့်လှစ်ရာ ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကနီမြို့နယ် လယ်ယာမြေစီမံခန့်ခွဲ‌ရေးနှင့် စာရင်းအင်းဦးစီးဌာန ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးများပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီ၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တွင် မြို့နယ်လယ်ယာ‌မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဝန်ထမ်းသားသမီး ကျောင်သားကျောင်းသူများအား ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲကို ဇွန်လ ၁ ရက်နေ့ နံနက် ၉ နာရီခွဲက မြို့နယ်လယ်ယာ‌မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ကြောင်း သိရသည်။

ကော့မှူးတွင် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများဆောင်ရွက်

ရန်ကုန်တိုင်း‌ဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ၂နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ် ဆေးထိုး၊ ဆေးတိုက်ခြင်းကို ယမန်နေ့က မြို့နယ်ကျန်းမာရေးဦးစီးဌာနဦးစီးဌာန ကျေးလက်‌ကျန်းမာရေးဦးဌာနများ၌ စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အင်းတော်မြို့အတွင်း အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်အတွင်း အခြေခံပညာကျောင်းများအား ယမန်နေ့ ဇွန်လ (၁) ရက်နေ့မှ စတင်၍ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ကျောက်မဲမြို့နယ်တွင် စက်မှု၊ စိုက်ပျိုး‌ရေးနှင့် မွေးမြူရေးသင်တန်းကျောင်း စတင်ဖွင့်လှစ်

ကျောက်မဲမြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်း‌ကျောင်း၌ စက်မှုနည်းပညာ၊ စိုက်ပျိုးရေးအတတ်ပညာနှင့် မွေးမြူရေးအတတ်ပညာများကို အထက်တန်းပညာနှင့် တွဲဖက်၍ ဖွင့်လှစ်သင်ကြားပေးမည့် သင်တန်းကျောင်းကို ဇွန် ၁ ရက်နေ့မှစ၍ ဖွင့်လှစ်ပြီဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများဖွင့်လှစ်၍  သင်ကြားပို့ချ

ရခိုင်ပြည်နယ် မောင်တောမြို့၌  ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်၍  ယနေ့ နံနက်ပိုင်းမှ စတင်ကာ သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

လားရှိုးပညာရေးဒီဂရီကောလိပ်၌  ကျောင်းသား၊ကျောင်းသူ ၆၉၀ ဦး တက်ရောက်ပညာသင်ကြား

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အဖြစ် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ပညာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်များ၊ ကောလိပ်များကို ဇွန်လ ၁ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ရာ ဆရာအတတ်ပညာဦးစီးဌာန၊ လားရှိုးပညာရေးဒီဂရီကောလိပ်တွင်လည်း ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
Subscribe to