ကော့မှူး ဇွန် ၂
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ၂နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ် ဆေးထိုး၊ ဆေးတိုက်ခြင်းကို ယမန်နေ့က မြို့နယ်ကျန်းမာရေးဦးစီးဌာနဦးစီးဌာန ကျေးလက်ကျန်းမာရေးဦးဌာနများ၌ စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက မွေးကင်းစမှအသက်တစ်နှစ်ခွဲအထိ ကလေးငယ်များအား အသည်းရောင်အသားဝါ၊ ဆုံဆို့ကြက်ညှာ၊ မေးခိုင်ဦးနှောက်အမှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး) ပြင်းထန်ဝမ်းပျက်ဝမ်းလျှော (ရိုတာဗိုင်းရပ်ကာကွယ်ဆေး) ပြင်းထန်အဆုတ်ရောင်(ပီဗွီစီ) ဝက်သက် ၊ဂျိုက်သိုး ရောဂါစသည့်ကာကွယ် ဆေးများကိုတိုက်ကျွေးပေးနေကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုး ဆေးတိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ကျော်သူရ (ပြန်/ ဆက်)