မြစ်ကြီးနားမြို့၌ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၌ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ ကို ယနေ့ နံနက်ပိုင်းက စတင်ဖွင့်လှစ်ရာ ကျောင်းသား/ကျောင်းသူများ သာယာပျော်ရွှင်စွာ တက်ရောက် ပညာသင်ယူလျက်ရှိကြောင်း သိရသည်။

ရေဦးမြို့နယ်ရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ပညာရေး၀န်ကြီးဌာန အခြေခံပညာဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီး ရေဦးခရိုင် ရေဦးမြို့နယ်တွင် ၂၀၂၃ -၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ဇွန် ၁ ရက်နံနက် ၉ နာရီကစတင်ဖွင့်လှစ်ကာ စာသင်ကြား‌နေပြီဖြစ်‌ကြောင်း သိရသည်။

ရေတာရှည်မြို့နယ်၌ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားအား ယနေ့  နံနက် ၁၀ နာရီ အချိန်တွင် အ.ထ.က(ရေတာရှည်) အောင်ဆန်း ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုးညှင်းမြို့နယ်တွင် အခြေခံပညာစာသင်ကျောင်းများမှ ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြား

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင် ဇွန်လ(၁)ရက် နံနက်ပိုင်းမှစတင်ကာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာစာသင်ကျောင်းများမှ ကျောင်းသားကျောင်းသူများအား စိတ်အေးချမ်း မြေ့စွာဖြင့် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ကွတ်ခိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် သဘာဝဘေးအန္တရာယ်အကြောင်း အသိပညာပေး (Talk Show) ပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူပေါင်း၍ သဘာဝဘေးအန္တရာယ်အကြောင်း အသိပညာပေး (Talk Show)ဆွေးနွေးပွဲအား ယနေ့‌နံနက်ပိုင်း(၁၁)နာရီအချိန်က၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

တန့်ယန်းမြို့နယ်တွင် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အမှတ်(၃)တပ်မတော်ဆေးရုံ နယ်လှည့်ဆေးကုသရေးအဖွဲ့နှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန နယ်လှည့်ဆေးကုသရေးအဖွဲ့တို့ပူးပေါင်း၍ ယနေ့နံနက်က လုံပုံးကျေးရွာအုပ်စု လွယ်လွမ့်ကျေးရွာ၌ ဒေသခံတိုင်းရင်းသား မိဘပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို ဆောင်ရွက်ပေးခဲ့သည်။

အုတ်တွင်းမြို့နယ်၌ ကိုဗစ်-၁၉ကာကွယ်ဆေး (Booster )ထိုးနှံခြင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး (Booster)  ထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် “စနစ်တကျ အမှိုက်စွန့်ပစ်ရေး” ဟောပြောပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ၂၀၂၃ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် “စနစ်တကျအမှိုက်စွန့်ပစ်ရေး" ခေါင်းစဉ်ဖြင့် ကလေးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community center)၌ ကျင်းပခဲ့သည်။

ရွှေဘိုမြို့နယ်တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ပြီး ကျောင်းသားကျောင်းသူများ ပျော်ရွှင်စွာ ပညာသင်ကြား

စစ်ကိုင်းတိုင်း​ဒေသကြီး ​ရွှေဘိုခရိုင်၊​ ရွှေဘို့မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများယနေ့ ဇွန်လ (၁)ရက်နေ့တွင် စတင်ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူများအနေဖြင့်  ပျော်ရွှင်အေးချမ်းစွာဖြင့် ကျောင်းစတင် တက်ရောက်လျက်ရှိကြောင်း သိရသည်။

ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများ လပြည့်နေ့တိုင်း အရုဏ်ဆွမ်းလောင်းလှူ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ဝန် ထမ်းမိသားစုများလပြည်နေ့တိုင်း အစဉ်အလာမပျက်အရုဏ် ဆွမ်းလောင်းလှူခြင်းကို နယုန်လပြည့် မဟာသမယအခါတော်နေ့ ယနေ့နံနက် ၇ နာရီအချိန်ကလောင်းလှူခဲ့ကြောင်းသိရသည်။
Subscribe to