၂၀၂၃-၂၀၂၄ ပညာသင်နှစ် ရွှေဘိုအထက(၁)တွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း စတင်ဖွင့်လှစ်သင်ကြား
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်ဖြင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် KG +9 အောင်မြင်ထားသော ကျောင်းသား၊ ကျောင်းသူများ သက်မွေးပညာရပ် တစ်ခုဖြစ်သည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်း ကျောင်း ဆက်လက်တက်ရောက်ပညာသင်ယူနိုင်ရန်အတွက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုအထက(၁)တွင် ယနေ့စတင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။