ဟုမ္မလင်းမြို့နယ် အခြေခံပညာကျောင်းများ၌ ကျောင်းသား/ကျောင်းသူ (၄၂၉၇၄)ဦး  အေးချမ်းစွာ တက်ရောက်ပညာသင်ကြား

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများကို ဇွန်လ(၁)ရက် နံနက်ပိုင်းတွင် စတင်ဖွင့်လှစ်ခဲ့ရာ တက်ရောက်သည့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၄၂၉၇၄)ဦးရှိပြီး အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

မော်လမြိုင်ကျွန်းမြို့နယ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အခြေခံပညာ ကျောင်းများအား ယမန်နေ့ နံနက်ပိုင်းတွင် စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက်လျက်ရှိသည်။

Silent Mentor Appreciation Ceremony ဝိဉာဥ်မဲ့ မြတ်ဆရာပူဇော်ပွဲ ချမ်းအေးသာစံမြို့နယ်တွင် ကျင်းပ

Silent Mentor Appreciation Ceremony ဝိဉာဥ်မဲ့ မြတ်ဆရာပူဇော်ပွဲ အခမ်းအနားကို ဇွန်လ ၂ ရက်နေ့ မွန်းလွဲတစ်နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရှိ ဆေးတက္ကသိုလ်(မန္တလေး)၏ ဇီဝက(မန်းရတနာပုံ)ခန်းမတွင် ကျင်းပပြုလုပ်သည်။

လပွတ္တာမြို့နယ်၌ ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၌ ယနေ့နံနက် ၁၀ နာရီအချိန်က မောင်းဒီး ကျေးရွာအုပ်စုရှိ အခြေခံပညာမူလတန်းကျောင်း(ဂေါင်းတို)တွင် ကျောင်းဆောင်သစ်အလျား (၆၀)ပေ၊ အနံ(၃၀)ပေ၊ အမြင့်(၁၅)ပေ၊ ၁ ထပ် အဆောက်ဦကျောင်းဆောင် သစ်ဖွင့်ပွဲအခမ်းအနားကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးညွန့်နှင့်အဖွဲ့ဝင်များ၊

မြစ်ကြီးနားမြို့၌ လူငယ်ရေးရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ဒေသခံလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ယနေ့ နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ လူငယ် ရေးရာ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပခဲ့သည်။

ပြည်တက္ကသိုလ်တွင် ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ တက်ရောက်ပညာ သင်ကြား

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အဆင့်မြင့်ပညာဦးစီးဌာန၊ ပြည်တက္ကသိုလ်အား ယမန်နေ့ နံနက်ပိုင်းက စတင်ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယမန်နေ့နံနက် (၉) နာရီအချိန်က ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ (Talk Show) အား ကျင်းပခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့၌ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ကျိုးပဲ့ကျသည့် သစ်ပင်သစ်ကိုင်းများအား စုပေါင်းရှင်းလင်း

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ပွင့်ဖြူမြို့အား မြို့ပြအင်္ဂါရပ်နှင့် စဉ်ဆက်မပြတ် သန့်ရှင်းသာယာလှပရေးအတွက် မြို့ပြသန့်ရှင်းသာယာရေးလုပ်ငန်းများကို နေ့စဉ် အရှိအဟုန်မပျက် ဆောင်ရွက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက မြို့တွင်းရှိ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ကျိုးပဲ့ကျသည့် သစ်ပင်သစ်ကိုင်းများအား စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ညောင်ဦးခရိုင်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းသားကျောင်းသူ ၆၅၂၃၁ ဦး ပညာသင်ကြား

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအား မေ ၂၃ နံနက်  ၉ နာရီအချိန်မှစတင်ပြီး ကျောင်းအပ် လက်ခံလျက်ရှိရာ ကျောင်းအပ်လာသူ ကျောင်းသား/သူများများပြားလျှက်ရှိပြီး ဇွန် ၁ ရက်နေ့ထိကျောင်းသား ကျောင်းသူ (၆၅၂၃၁)ဦးလာရောက်အပ်နှံထားရှိပြီး စိတ်အေးချမ်းသာစွာပညာသင်ကြားလျက်ရှိကြောင်း ညောင်ဦးခရိုင်၊ခရိုင်ပညာရေးမှူး ဒေါ်မိမိ အောင်ထံကသိရသည်။

မိုင်းခုတ်မြို့၌ ဒေသထွက် မက်မန်းသီးများစျေးကောင်းရ၍ မိသားစုအပိုဝင်ငွေရရှိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ ဒေသထွက်မက်မန်းသီးများ စျေးကောင်းရ၍ မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း နောင်ပွန်းကျေးရွာမှ တစ်ပိုင်တစ်နိုင်စိုက်ပျိုးရောင်းချသူဦးစိုင်းခမ်းထံမှ သိရသည်။
Subscribe to