ပုဗ္ဗသီရိမြို့နယ် အမှတ်(၂၀) အခြေခံပညာအထက်တန်းကျောင်း၌ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ​ အသိပညာပေးဟောပြောပွဲ ကျင်းပ

ပုဗ္ဗသီရိ ဇွန် ၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် အမှတ်(၂၀) အခြေခံပညာအထက်တန်းကျောင်း၌ "ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ​အသိပညာပေးဟောပြောပွဲ" ကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ရှေးဦးစွာ ပုဗ္ဗသီရိမြို့နယ် အမှတ်(၂၀) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝါဝါလှိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥတ္တရခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်မျိုး လင်းက "ပတ်ဝန်းကျင်ညစ်ညမ်းမှုအကြောင်း သိကောင်းစရာများ"  ခေါင်းစဉ်ဖြင့် ဟောပြောရာ၌ ကမ္ဘာ့ပတ်ဝန်းကျင်သန့်ရှင်းသာယာရေးသည် လူသားတိုင်းအတွက် မဖြစ်မနေ သတိပြုကြရမည့် လုပ်ငန်းစဉ် တစ်ရပ်အဖြစ် ခံယူကြရန်နှင့် မိမိပတ်ဝန်းကျင်မှ ကမ္ဘာ့ပတ်ဝန်းကျင်အထိ ဆိုးကျိုးများမဖြစ်စေရေး ထိန်းသိမ်းစောင့်ရှောက်သွားကြရန် လိုအပ်ကြောင်း ဟောပြောခဲ့သည်။

ဆက်လက်၍ ဥတ္တရခရိုင် ပတ်ဝန်းကျင်ထိန်းသိန်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးပပဖြိုးက "3Rs" ခေါင်းစဥ်ဖြင့် ဟောပြောရာ၌ ပလတ်စတစ်ညစ်ညမ်းမှုသည် သဘာဝပတ်ဝန်းကျင်ကို ဆိုးကျိုးများစွာ ဖြစ်ပေါ်နိုင်သည့်အတွက် လျှော့ချသုံးစွဲကြရန်၊ ပလတ်စတစ်အစားထိုး အသုံးပြုပစ္စည်းများကိုသာ သုံးစွဲကြရန်နှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအတွက် လူသားအားလုံးမှ လိုက်နာဆောင်ရွက်ကြရန် ဟောပြောခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများကို  ပလတ်စတစ်ညစ်ညမ်းခြင်းဆိုင်ရာ ဗဟုသုတမေးခွန်းများ မေးမြန်းခဲ့ပြီး အမှတ်တရ ဆုလက်ဆောင်များ ချီးမြှင့်ပေးခဲ့ရာ ပုဗ္ဗသီရိမြို့နယ် အမှတ် (၂၀) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ် ဝါဝါလှိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

လှိုင်မြင့်(ပုဗ္ဗသီရိ)