ကနီ ဇွန် ၁
စစ်ကိုင်းတိုင်းဒေသကြီ၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တွင် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဝန်ထမ်းသားသမီး ကျောင်သားကျောင်းသူများအား ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲကို ဇွန်လ ၁ ရက်နေ့ နံနက် ၉ နာရီခွဲက မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဗိုလ်လေးက မိမိတို့ဌာန ဝန်ထမ်းသားသမီး ကျောင်းသားကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေး ထောက်ပံ့ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းပြောကြားသည်။ ယင်းနောက် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဗိုလ်လေးနှင့် တာဝန်ရှိသူများက ဝန်ထမ်းသားသမီးကျောင်းသားကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေးများ အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဝန်ထမ်းသားသမီး ကျောင်းသားကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်ရာတွင် တက္ကသိုလ်ဝင်တန်းနှင့် အထက်တန်းအဆင့်တွင် တစ်ဦးလျှင် ၂၀၀၀၀ ကျပ်နှုန်း၊ အလယ်တန်းအဆင့်တွင် တစ်ဦးလျှင် ၁၅၀၀၀ ကျပ်နှုန်းနှင့် မူလတန်းအဆင့်တွင် တစ်ဦးလျှင် ၁၀၀၀၀ ကျပ်နှုန်းဖြင့် ကျောင်းသားကျောင်းသူ ၁၇ ဦးတို့အားပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့(ပြန်/ဆက်)