မောက်မယ်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

မောက်မယ် ဇွန် ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများ ယမန်နေ့နံနက်ပိုင်းမှ စတင်ဖွင့်လှစ်ရာ ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်နေမှုအား မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းနွယ်နှင့် သက်ဆိုင်ရာအခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများတို့က ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာပညာသင်ကြားနိုင်ရေး ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး မောက်မယ်မြို့နယ်အတွင်းရှိ ၂၀၂၃−၂၀၂၄ပညာသင်နှစ်တွင် အခြေခံပညာအထက်တန်းကျောင်း(၂)ကျောင်း၊ အလယ်တန်းကျောင်း(၁)ကျောင်း၊ အလယ်တန်းကျောင်းခွဲ(၄)ကျောင်း၊ မူလတန်းလွန်ကျောင်း(၁၁)ကျောင်း၊ မူလတန်းကျောင်း(၃၇)ကျောင်း၊ မူလတန်းကျောင်းခွဲ(၅)ကျောင်း စုစုပေါင်း(၆၀)ကျောင်းရှိရာ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေလ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အထိသတ်မှတ်၍ ထက်/လယ်/မူကျောင်းအပ်နှံပြီးစီးသူ ကျောင်းသား/ကျောင်းသူများ ယမန်နေ့အထိ(၄၁၄၀)ဦးရှိကြောင်း ယင်းတို့အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။  

စိုင်းမျိုးသန့်(မောက်မယ်)