ခရမ်း ဇွန် ၂
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိ၍ မိသားစုဝင် ငွေတိုးပွားစေရန် ဆင်းရဲမှုနှုန်းလျှော့ကျစေရန်၊ လူစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် မောင်းမကျေးရွာအုပ်စု၊ မောင်းမကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ယနေ့ နံနက် နံနက်၉ နာရီက အသက်မွေးဝမ်းကျောင်း အထောက်အကူပြု မော်တာအပ်ချုပ်စက်သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ခရမ်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ထားထားနိုင်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ပြောကြားသည်။ ထို့နောက်သင်တန်းနည်းပြ ဒေါ်မြကေခိုင်က သင်တန်းတွင်သင်ကြားပေးမည့် ဘာသာရပ်များနှင့်သင်တန်းသူများ လိုက်နာရမည့်စည်းကမ်းချက်များကို ရှင်းလင်း ပြောကြားသည်။
အဆိုပါ သင်တန်းသို့သင်တန်းသူ ၃၀ဦးတက်ရောက်လျက်ရှိပြီး သင်တန်းနည်းပြ နှစ်ဦးတို့က စာတွေ့လက်တွေ့(၃၀)ရက်ကြာ သင်တန်းပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
ကိုမင်း (ပြန်/ ဆက်)