လားရှိုး ဇွန် ၂
၂၀၂၃-၂၀၂၄ ပညာသင်နှစ်အဖြစ် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ပညာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်များ၊ ကောလိပ်များကို ဇွန်လ ၁ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ရာ ဆရာအတတ်ပညာဦးစီးဌာန၊ လားရှိုးပညာရေးဒီဂရီကောလိပ်တွင်လည်း ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
ကျောင်းများစတင်ဖွင့်လှစ်သည့်နေ့တွင် လားရှိုး ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်လွင်လွင်စန်းက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများအား ပညာရတနာခန်းမတွင် တွေ့ဆုံ၍ အေးချမ်းပျော်ရွှင်စွာဖြင့် ပညာသင်ကြား နိုင်ရေး နုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့သည်။
လားရှိုးပညာရေးဒီဂရီကောလိပ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် PPTT ဆရာ၊ဆရာမ ၂၅၉ ဦး၊ ပထမနှစ် (ဒုတိယနှစ်ဝက်) ၁၇၇ ဦး၊ ဒုတိယနှစ် (ပထမနှစ်ဝက်) ၂၀၀ ဦး၊ ဒုတိယနှစ် (ဒုတိယနှစ်ဝက်) ၅၄ ဦး စုစုပေါင်း ၆၉၀ ဦး တက်ရောက် ပညာသင်ကြားလျက်ရှိနေကြောင်း သိရသည်။
စိုင်းထွန်း ( လားရှိုး )