မန္တလေး ဇွန် ၂
မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက်(၁၁)နာရီက လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲ (Talk Show)ကို မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးညိုထွန်းနှင့် ဒေါ်ခင်စောလွင်တို့က ဦးဆောင်ဆွေးနွေးခဲ့ကြပြီး သွေးလွန်တုပ်ကွေးရောဂါသည် ခြင်ကျားအကိုက်ခံရခြင်းမှ ဖြစ်ပွားရခြင်းအကြောင်း၊ ရေကြည်ရေသန့်တွင် ပေါက်ပွားလေ့ရှိကြောင်း၊ ရေစည်ရေကန်များ၊သောက်ရေအိုးများ၊ အုတ်ကန်၊ပန်းအိုးအစရှိသည့်နေရာများတွင် ပေါက်ပွားလေ့ရှိကြောင်း၊ ခြင်ကြားသည် နေ့အချိန်တွင်ကိုက်လေ့ရှိကြောင်း၊ ရောဂါလက္ခဏာအဖြစ် နှစ်ရက်မှ ခုနှစ်ရက်ခန့်ဖျားခြင်း၊ အပြင်းဖျားခြင်း၊ ဗိုက်နာခြင်း၊ပျို့အန်ခြင်း၊ ကိုယ်ပေါ်တွင်အနီစက်များထွက်ခြင်း အစရှိသည့် လက္ခဏာများပြပါက ဆေးရုံ၊ ဆေးခန်းပြသရန် လိုအပ်သည့်အကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ပြည်သူများအနေဖြင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို စနစ်တကျလုပ်ဆောင်ရန်နှင့် စာသင်ကျောင်းများတွင်လည်း အသိပညာပေးခြင်း၊ ခြင်ကျားကင်းစင်ကျောင်းများ ထူထောင်ခြင်း အစရှိသည်များကို ဆွေးနွေးကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်