တံတားဦးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၌ ကျောင်းသား/သူ စုစုပေါင်း(၂၁၈၀၆)ဦး တက်ရောက်ပညာသင်ယူလျက်ရှိ

တံတားဦး  ဇွန်  ၂

တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းသား/သူများအား မိဘအုပ်ထိန်းသူများမှ လိုက်ပါပို့ဆောင်ပြီး ယနေ့နံနက်(၈)နာရီအချိန်က ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၁၈၉၈)ဦး အေးချမ်းပျော်ရွှင်စွာဖြင့်  ပညာသင်ယူနေကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျောင်းသား/သူများ ပညာသင်ကြားရာတွင် အခက်အခဲမရှိ ပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်မှ တာဝန်ရှိသူများ ရပ်မိရပ်ဖများ၊ ဆရာ/မများ၊ ကျောင်သားမိဘများ၏ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှုဖြင့် တံတားဦးမြို့နယ်တွင်  အထက(၈)ကျောင်း၊ အထက-ခွဲ (၉)ကျောင်း၊ အလက(၁၀)ကျောင်း၊ အလက-ခွဲ((၈)ကျောင်း၊ မူလွန်(၁၇)ကျောင်း၊ အမက(၆၈)ကျောင်း၊ အမက-ခွဲ(၁)ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(၉)ကျောင်း၊ စုစုပေါင်း(၁၃၀)ကျောင်း၌ အထက်တန်းအဆင့်တွင် ကျောင်းအပ်နှံပြီးသူ (၁၇၁၁)ဦးရှိပြီး တက်ရောက်ပညာသင်ကြားသူ စုစုပေါင်း (၁၇၁၁)ဦး၊ အလယ်တန်းအဆင့်တွင်  ကျောင်းအပ်နှံပြီးသူ (၄၃၂၉)ဦးရှိပြီး တက်ရောက်ပညာသင်ကြားသူ စုစုပေါင်း(၄၂၀၁)ဦး၊ မူလတန်းအဆင့်တွင် ကျောင်းအပ်နှံပြီးသူ (၁၆၄၆၇)ဦးရှိပြီး တက်ရောက်ပညာ  သင်ကြားသူ စုစုပေါင်း(၁၅၈၉၄)ဦး တက်ရောက်ပညာသင်ကြားကြပြီး ရာခိုင်နှုန်းအားဖြင့် (၉၇) ရှိကြောင်း ကလေးငယ်များအနေဖြင့်လည်း ပျော်ပျော်ရွှင်ရွှင် တက်ရောက်ပညာသင်ယူလျက်ရှိကြောင်း မြို့နယ် ပညာရေးမှူးဒေါ်စန်းဥ ထံမှသိရသည်။

ရဲတင့် (ပြန်/ဆက်)